• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ပြည်တွင်းပြည်ပ သတင်းထောက်များ၏ မေးမြန်းချက်များကို တရုတ် ဝန်ကြီးချုပ် ပြန်လည် ဖြေကြားရာတွင် တရုတ် စီးပွားရေး အနာဂတ်ရေး အပေါ် ယုံကြည်မှု ရှိသည်ဟု ဖော်ပြ

(GMT+08:00) 2019-03-15 17:15:15

၁၃ကြိမ်မြောက် တရုတ် ပြည်လုံးဆိုင်ရာ ပြည်သူ့ ကွန်ဂရက် ဒုတိယ အကြိမ် အစည်းအဝေးကို ယခုလ ၁၅ရက်နေ့က ပီကင်းတွင် ကျင်းပပြီးစီးကြောင်း၊ အစည်းအဝေးတွင် ယခုအကြိမ် အစိုးရ လုပ်ငန်း အစီရင်ခံစာကို အတည်ပြုပြီး အဆင့်မြင့် တံခါးဖွင့်မှုကို တွန်းအားပေးရန် ရည်ရွယ်ထားသော နိုင်ငံခြား ကုန်သည်များ ရင်းနှီးမြှုပ်နှံရေး ဥပဒေကိုလည်း အတည်ပြုခဲ့ကြောင်း၊ တရုတ်ပြည်သည် လက်ရှိ စီးပွားရေး ကျဆင်းမှု ဖိအား ရင်ဆိုင်ရန်နှင့် ပြုပြင်ပြောင်းလဲမှုနှင့် တံခါးဖွင့်မှု တွန်းအားပေးရန် အထောက်အကူ ဖြစ်စေသည့် မူဝါဒများကိုလည်း မကြာမီတွင် ထုတ်ပြန်ကျင့်သုံးမည် ဖြစ်ကြောင်း၊ အစည်းအဝေးတွင် ကျင်းပသော သတင်းစာ ရှင်းလင်းပွဲ၌ တရုတ် နိုင်ငံတော် ကောင်စီ ဝန်ကြီးချုပ် လီခေ့ချန်က မည်သည့် အခြေအနေသစ် ဖြစ်ပေါ်လာသည် ဖြစ်စေ၊ တရုတ်ပြည်သည် လက်ရှိ အခြေအနေကို မူတည်ပြီး ရေရှည်ရှုထောင့်မှ ထည့်သွင်းစဉ်းစား၍ စီးပွားရေး တည်ငြိမ်မှုနှင့် စီးပွားရေး ရေရှည် ကောင်းမွန်စွာ ဖွံ့ဖြိုးတိုးတက်မှု အလားအလာကို ထိန်းသိမ်းထားမည် ဖြစ်ကြောင်း၊ တရုတ်စီးပွားရေးသည် ကမ္ဘာ့ စီးပွားရေး အတွက် ကျောက်ဆူး ကဲ့သို့ အရေးကြီးသော တည်ငြိမ်စေရေး အချက် တစ်လျှောက်လုံး ဖြစ်မည် ဖြစ်ကြောင်း ပြောကြားသည်။

   Webradio