• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

နိုင်ငံခြားကုန်သည်များရင်းနှီးမြှုပ်နှံရေးဥပဒေကို တရုတ်ပြည်သူ့ကွန်ဂရက်မှ မဲများစွာဖြင့် အတည်ပြု

(GMT+08:00) 2019-03-15 10:30:16

ယနေ့ ၁၅ ရက်နေ့နံနက်ပိုင်းက ၁၃ ကြိမ်မြောက်တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် ဒုတိယအကြိမ်အစည်းအဝေးပိတ်ပွဲကို ပေကျင်း၌ ကျင်းပခဲ့ရာ မဲများစွာ ဖြင့် နိုင်ငံခြားကုန်သည်များ ရင်းနှီးမြှုပ်နှံရေးဥပဒေကို အတည်ပြုခဲ့သည်ဟု စီအာအိုင်သတင်းအရသိရသည်။

ယင်းဥပဒေသည် စုစုပေါင်း အခန်း ၆ ခန်း ပုဒ်မ ၄၂ ခုရှိပြီး နိုင်ငံခြားကုန်သည်များ ရင်းနှီးမြှုပ်နှံ ရန် ခွင့်ပြုရေး၊ တိုးမြှင့်ရေး၊ ထိန်းသိမ်းကာကွယ်ရေး၊ စီမံခန့်ခွဲရေးစသည်တို့နှင့်ပတ်သက်၍ သတ်မှတ်ထားကာ တရုတ်နိုင်ငံ၏ နိုင်ငံခြားကုန်သည်များ ရင်းနှီးမြှုပ်နှံရေး ဥပဒေစနစ်သစ်၏ အခြေခံမူဘောင်ကို တည်ထောင်၍ တရုတ်နိုင်ငံတွင် နိုင်ငံခြားကုန်သည်များ ရင်းနှီးမြှုပ်နှံရေးပြုလုပ်နိုင်ဖို့အတွက်  အထွေထွေ အခြေခံဥပဒေဖြစ်သည်ဟု သိရသည်။

   Webradio