• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ် ပြည်လုံးဆိုင်ရာ ပြည်သူ့ ကွန်ဂရက် ကိုယ်စားလှယ်နှင့် ပြည်သူ့ နိုင်ငံရေး အတိုင်ပင်ခံ ကွန်ဖရင့် ကော်မတီဝင်များက ရှီကျင့်ဖိန်၏ အရေးကြီး ပြောကြားချက် များသည် မိမိတို့၏ ယုံကြည်မှုကို တိုးပွားစေသည်ဟု အသီးသီး ဖော်ပြ

(GMT+08:00) 2019-03-14 18:47:28
    ယခုနှစ် တရုတ် ပြည်လုံးဆိုင်ရာ ပြည်သူ့ ကွန်ဂရက် နှစ်ပတ်လည် အစည်းအဝေးနှင့် ပြည်သူ့ နိုင်ငံရေး အတိုင်ပင်ခံ ကွန်ဖရင့် နှစ်ပတ်လည် အစည်းအဝေးများတွင် တရုတ် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေ အတွင်းရေးမှူး၊ နိုင်ငံတော် ဥက္ကဋ္ဌ၊ ဗဟိုစစ်ရေး ကော်မရှင် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် ပြည်လုံးဆိုင်ရာ ပြည်သူ့ ကွန်ဂရက် ကိုယ်စားလှယ်များ၊ ပြည်သူ့ နိုင်ငံရေး အတိုင်ပင်ခံ ကွန်ဖရင့် ကော်မတီဝင်များနှင့် ဆွေးနွေးပွဲများ ကျင်းပပြီး တရုတ်ပြည်၏ အရေးကြီး မူဝါဒများနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြကြောင်း၊ လူအများက အလေးထား အာရုံစိုက်ကြသော ဂေဟစနစ် တည်ထောင်ရေး၊ ဆင်းရဲမှု ပပျောက်စေရေး တိုက်ပွဲကြီးတွင် အောင်ပွဲခံနိုင်ရေး၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး၊ စီးပွားကုန်သွယ်မှု လုပ်ကိုင်ဆောင်ရွက်ရေး အခြေအနေ ကောင်းမွန်စေရေး စသည့် အရေးကိစ္စများနှင့် ပတ်သက်၍ ရှီကျင့်ဖိန်နှင့် ကိုယ်စားလှယ်၊ ကော်မတီဝင် အချို့သည် ကူးလူးဆက်ဆံမှုကို အပြည့်အဝ ပြုလုပ်ခဲ့ကြကြောင်း၊ ၄င်းတို့က အထွေထွေ အတွင်းရေးမှူး ရှီကျင့်ဖိန်၏ ပြောဆိုချက်များသည် မိမိတို့၏ ယုံကြည်မှုကို တိုးပွားစေကြောင်း၊ မိမိတို့ အနေနှင့် ရှီကျင့်ဖိန်၏ မျှော်လင့်ချက်ကို ပျက်ကွက်စေမည် မဟုတ်ဘဲ ယခုနှစ်တွင် လုပ်ငန်းများကို လက်တွေ့ကျကျ ကောင်းမွန်စွာ ဆောင်ရွက်မည် ဖြစ်ကြောင်း အသီးသီး ဖော်ပြသည်ဟု စီအာအိုင် သတင်းအရ သိရသည်။
   Webradio