• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်ပြည်သူ့ နိုင်ငံရေး အတိုင်ပင်ခံကွန်ဖရင့် အစည်းအဝေး ကျင်းပ ပြီးစီး၊ ဝမ်းယန် မိန့်ခွန်း ပြောကြား

(GMT+08:00) 2019-03-14 09:36:30

၁၃ ကြိမ်မြောက် တရုတ်ပြည်သူ့ နိုင်ငံရေး အတိုင်ပင်ခံကွန်ဖရင့် ပြည်လုံးဆိုင်ရာ ကော်မတီ ဒုတိယ အကြိမ် အစည်းအဝေးကို ယခုလ ၁၃ ရက်နေ့က ပီကင်း ပြည်သူ့ ခန်းမဆောင်ကြီး၌ ချောမောအောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါသည်။

အစည်အးဝေးတွင်၊ အဆင့်ဆင့်သော ပြည်သူ့ကွန်ဂရက် ကော်မတီနှင့် ကော်မတီဝင်များ အနေနှင့် ရဲဘော် ရှီကျင့်ဖိန် ဗဟိုအဖြစ် ထားသော တရုတ်ကွန်မြူနစ် ပါတီ ဗဟိုကော်မတီနှင့် ရင်းနှီးစွာ သွေးစည်းညီညွတ်ပြီး၊ တရုတ် ထူးခြားချက် ဝိသေသ ပါရှိသော ဆိုရှယ်လစ် အလံတော်ကို ကိုင်ဆောင်ထားကာ၊ ပါတီ ဗဟိုကော်မတီ၏ စီမံချက်နှင့် ဆုံးဖြတ်ချက်များနှင့် ပြည်သူ့ကွန်ဂရက်အား အပ်နှင်းသော လုပ်ငန်း တာဝန်များကို ထိထိရောက်ရောက် အကောင်အထည်ဖေါ်ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ အသင့်အတင့် ချမ်းသာသော လူ့ဘောင်အဖွဲ့အစည်း နေထိုင်မှုဘဝ ဘက်စုံ အောင်မြင်စွာ တည်ထောင်ရေးနှင့် တရုတ်နိုင်ငံကို ချမ်းသာပြီး ဒီမိုကရေစီ ကျသည့် ယဉ်ကျေးပြီး သင့်မြတ် သာယာသည့် ဆိုရှယ်လစ် ခေတ်မီနိုင်ငံကြီး ဖြစ်အောင် တည်ဆောက်နိုင်ရန် အကျိုးပြု စွမ်းဆောင်ရမည် ဖြစ်ကြောင်း လှုံ့ဆော်ထားပါသည်။

ရှီကျင့်ဖိန်၊ လီခေ့ချန်၊ လိကျမ့်ရှူး၊ ဝမ်ဟုနင် အပါအဝင် နိုင်ငံတော် ခေါင်းဆောင်များသည် ပိတ်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ကြပါသည်။

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေး ဦးဆောင်အဖွဲ့ အမြဲတမ်း ကော်မတီဝင်၊ ပြည်သူ့နိုင်ငံရေး အတိုင်ပင်ခံကွန်ဖရင့် ပြည်လုံးဆိုင်ရာ ကော်မတီ ဥက္ကဋ္ဌ ဝမ်းယန်သည် အစည်းအဝေး၌ မိန့်ခွန်း ပြောကြားခဲ့ပါသည်။ (ကျော့)

   Webradio