• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ဗဟိုမီဒီယာအုပ်စု 5G+4K နည်းပညာကို ပြည်သူ့နိုင်ငံရေး အတိုင်ပင်ခံကွန်ဖရင့် ကော်မတီဝင်များ ချီးကျူး

(GMT+08:00) 2019-03-14 09:27:25

တရုတ် ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက်နှင့် ပြည်သူ့ နိုင်ငံရေး အတိုင်ပင်ခံ ကွန်ဖရင့် နှစ်ပတ်လည် အစည်းအဝေးများ ကျင်းပစဉ် အတွင်း ဗဟိုမီဒီယာအုပ်စုသည် အစည်းအဝေး ကျင်းပနေသည့် ပြည်သူ့ခန်းမဆောင်ကြီး၌ မီဒီယာပေါင်းစုံ ပလက်ဖေါင်းကို ထားရှိပြီး 5G+4K နည်းပညာသုံး ဖန်သားမြင်ကွင်းကြီးဖြင့် ရုပ်သံအစီအစဉ်များကို ထုတ်လွှင့် ပြသနေပါသည်။ ပြည်သူ့ကွန်ဂရက် ကိုယ်စားလှယ်များနှင့် ပြည်သူ့ နိုင်ငံရေး အတိုင်ပင်ခံ ကွန်ဖရင့် ကော်မတီဝင်များသည် ဗဟိုမီဒီယာအုပ်စု၏ အထက်ပါ နည်းပညာသစ်ကို ကြည့်ရှု ခံစားပြီး၊ 5G လှိုင်းနှုန်းဖြင့် 4K အဆင့်မြင့် ကြည်လင်ပြတ်သားမှု နည်းပညာ အသုံးပြုခြင်းကို ချီးကျူးခဲ့ကြပါသည်။ ၄င်းတို့က ယင်းခေတ်မီ အဆင့်မြင့်နည်းပညာကို အမြန်ဆုံး ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနိုင်ရန် မျှော်လင့်သည်ဟု အသီးသီး ဖေါ်ပြခဲ့ကြပါသည်။

ယခုလ ၉ ရက်နေ့ ညနေပိုင်းက ဗဟိုမီဒီယာအုပ်စုသည် ၁၃ ကြိမ်မြောက် ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် ဒုတိယအကြိမ် အစည်းအဝေး သတင်းစင်တာ၏ သတင်းစာ ရှင်းလင်းပွဲတွင် 4K အဆင့်မြင့် ကြည်လင်ပြတ်သားမှု နည်းပညာသုံး ဗီဒီယို ရိုက်စက်များကို ထားရှိပြီး  4K အဆင့်မြင့် ကြည်လင်ပြတ်သားမှု နည်းပညာသုံး ရုပ်သံ ချယ်နယ်၌ သတင်းစာရှင်းလင်းပွဲကို အချိန်နှင့် တစ်ပြေးညီ ထုတ်လွှင့်ပေးခဲ့ပါသည်။ ၁၀ ရက်နေ့တွင်လည်း အထက်ပါ 4K အဆင့်မြင့် ကြည်လင်ပြတ်သားမှု နည်းပညာသုံး ရုပ်သံ ချယ်နယ်၌ 5G လှိုင်းနှုန်းဖြင့် သတင်းစာရှင်းလင်းပွဲ သုံးကြိမ်ကို အချိန်နှင့် တစ်ပြေးညီ ထုတ်လွှင့်ပေးခဲ့ပါသည်။ ယင်းသည် တရုတ်ပြည် အသံလွှင့်နှင့် ရုပ်မြင်သံကြားသမိုင်းတွင် မှတ်တိုင်လို အခန်းကဏ္ဍသစ်ကို ဖွင့်လှစ်သည်ဟု ယူဆရပါသည်။ (ကျော့)

   Webradio