• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

နိုင်ငံခြား ရင်းနှီးမြှုပ်နှံရေး ဥပဒေ မူကြမ်းသည် ခေတ်သစ်တွင် တရုတ်တံခါးဖွင့်မှု တိုးချဲ့ရေး အတွက် ပိုမိုအားကောင်းသော တရားဥပဒေ ဆိုင်ရာ ကျားကန်ပေးမှု ထောက်ပံ့ပေးမည်

(GMT+08:00) 2019-03-13 16:51:25

နိုင်ငံခြား ရင်းနှီးမြှုပ်နှံရေး ဥပဒေ မူကြမ်းကို စိစစ်ခြင်းနှင့် မဲခွဲအတည်ပြုဆုံးဖြတ်ခြင်း သည် ယခုတွင် ပီကင်း၌ ကျင်းပလျက်ရှိသော ၁၃ကြိမ်မြောက် တရုတ် ပြည်လုံးဆိုင်ရာ ပြည်သူ့ ကွန်ဂရက် ဒုတိယ အကြိမ် အစည်းအဝေး၏ အရေးကြီး အစီအစဉ် တစ်ရပ် ဖြစ်ကြောင်း၊ တရုတ်ပြည်တွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံရေး နယ်ပယ်၌ အခြေခံ ဥပဒေသစ် ဖြစ်သည့် အနေနှင့် အများက အာရုံစိုက်နေကြသော ၄င်းဥပဒေ မူကြမ်းတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု တရုတ်ပြည်သို့ ဝင်ရောက်ရန် စံချိန်စံညွှန်း၊ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ရေး၊ ထိန်းသိမ်းကာကွယ်ရေးနှင့် စီမံခန့်ခွဲရေးစသည်များနှင့် ပတ်သက်၍ သတ်မှတ်ထားကြောင်း စီအာအိုင် သတင်းအရ သိရသည်။

တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ ကွန်ဂရက် ကိုယ်စားလှယ်များက ၄င်းဥပဒေ မူကြမ်းကို လေးနက်စွာ စိစစ်ကြရာတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံရေး ဥပဒေကို ရေးဆွဲချမှတ်ခြင်းနှင့် လက်တွေ့ဖော်ဆောင်ခြင်းသည် တရုတ်ပြည်၏ အဆင့်မြင့်မားသော တံခါးဖွင့်မှုသစ် တွန်းအားပေးရေး အတွက် ပိုမိုအားကောင်းသော တရားဥပဒေ ဆိုင်ရာ ကျားကန်ပေးမှု ထောက်ပံ့ပေးပြီး အဆင့်မြင့်မားသော တံခါးဖွင့်မှု ကျင့်သုံးခြင်းဖြင့် ပိုမိုတရားနည်းလမ်းကျသော ဖွံ့ဖြိုးတိုးတက်မှုကို တိုးမြှင့်ရန် တရုတ်ပြည်မှ ယုံကြည်မှုနှင့် စိတ်ပိုင်းဖြတ်မှုကို ဖော်ပြနေကြောင်း ပြောကြားသည်။

   Webradio