• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   Monday  Jun 30th   2025   

တရုတ်ပြည်သူ့နိုင်ငံရေးအတိုင်ပင်ခံကွန်ဖရင့်ပြည်လုံးဆိုင်ရာကော်မတီနှစ်ပတ်လည် အစည်းအဝေးပြီးဆုံး

(GMT+08:00) 2019-03-13 13:34:19

တရုတ်ပြည်သူ့နိုင်ငံရေးအတိုင်ပင်ခံကွန်ဖရင့်ပြည်လုံးဆိုင်ရာကော်မတီနှစ်ပတ်လည် အစည်းအဝေးကို ယနေ့ ၁၃ ရက်နေ့က ပေကျင်း၌ ကျင်းပပြီးစီးပြီဖြစ်ပြီး ရှီကျင့်ဖိန်အပါအဝင် ပါတီနှင့် နိုင်ငံတော်ခေါင်းဆောင်များသည် ပိတ်ပွဲသို့ တက်ရောက်ခဲ့ကြသည်ဟု စီအာအိုင် သတင်းအရသိရသည်။

တရုတ်ပြည်သူ့နိုင်ငံရေးအတိုင်ပင်ခံကွန်ဖရင့် ပြည်လုံးဆိုင်ရာကော်မတီဥက္ကဋ္ဌဝမ်ယန် သည် ပိတ်ပွဲ၌ မိန့်ခွန်းပြောကြားရာတွင် ယခုနှစ်သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံတည် ထောင်သည့် နှစ် ၇၀ ပြည့်မြောက်သည့်နှစ်ဖြစ်ကြောင်း၊ နှစ် ၇၀ အတွင်း ပြည်သူ့နိုင်ငံရေးအတိုင် ပင်ခံကွန်ဖရင့်သည် တရုတ်ပြည်သစ်တည်ထောင်ရေး၊ တရုတ်ပြည်သစ်  ပိုမိုကောင်းမွန် အောင်ဆောင်ရွက်ရေး၊ ပြုပြင်ပြောင်းလဲရေးလမ်းကြောင်း ရှာကြံရေး၊ တရုတ်အိပ်မက် အကောင်အထည်ဖေါ်ရေးတွင် တက်ကြွစွာ ပါဝင်ခဲ့ပြီး သမိုင်းဝင်အောင်မြင်မှုများ တည်ထောင်ခဲ့ကြောင်း၊ တရုတ်ထူးခြားချက်ဝိသေသပါရှိသော ဆိုရှယ်လစ်ခေတ်သစ်ဝင်ရောက် ပြီးနောက် ပြည်သူ့နိုင်ငံရေးအတိုင်ပင်ခံကွန်ဖရင့်၏ ဇာတ်ခုံသည် ပိုမိုကျယ်ပြန့်လာသကဲ့သို့ တာဝန်လည်း ပိုမိုကြီးမားလာကြောင်း၊ ပြည်သူ့နိုင်ငံရေးအတိုင်ပင်ခံကွန်ဖရင့်အနေနှင့် ပြည်သူ့နိုင်ငံရေးအတိုင်ပင်ခံလုပ်ငန်းကို ရှေ့သို့ အဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရန် တွန်းအား ပေးမည်ဖြစ်ကြောင်း ပြောကြားသည်။

ယခုအကြိမ် ၁၃ ကြိမ်မြောက် ပြည်သူ့နိုင်ငံရေးအတိုင်ပင်ခံကွန်ဖရင့် ပြည်လုံးဆိုင်ရာ ကော်မတီ ဒုတိယအကြိမ်အစည်းအဝေးသည် ၁၁ ရက်ကြာပြီး တရုတ်နိုင်ငံ ပါတီနှင့် အဖွဲ့ အစည်းအသီးသီး၊ တိုင်းရင်းသားလူမျိုးစုနှင့် နယ်ပယ်အသီးသီးမှ ကော်မတီဝင် ၂၁၀၀ ကျော် ပါဝင်ခဲ့ကြသည်ဟု သိရသည်။

还没有评论,快来抢沙发吧!
   Webradio