• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်နိုင်ငံသည် မူပိုင်ခွင့်ကျူးလွန်မှုဒဏ်ငွေကို များစွာတိုးမြှင့်ပြီး ပညာမူပိုင်ခွင့် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုကို အားသစ်လောင်းပေးမည်

(GMT+08:00) 2019-03-13 13:31:08

တရုတ်နိုင်ငံတော်ပညာမူပိုင်ခွင့်ဌာနမှညွှန်ကြားရေးမှူးချုပ်ရှိန်ချန်ယွီက တရုတ်နိုင်ငံသည် မူပိုင်ခွင့် ကျူးလွန်ရာတွင် ဒဏ်ခတ် လျော်ကြေးပေးစနစ်ကို တည်ထောင်မည်ဖြစ်ပြီး ပညာမူပိုင်ခွင့် ဆိုင်ရာ နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုကို လက်တွေ့ကျကျဆောင်ရွက်ကာ ပြည်ပ၌ ပညာမူပိုင်ခွင့်ထိန်းသိမ်းကာကွယ်ရေး ထောက်ပံ့ကူညီရေးစင်တာကို တည်ထောင်ရန် ရှာကြံ၍ တရုတ်ပညာမူပိုင်ခွင့်များ ပြည်ပ၌လည်း ထိရောက်သော ထိန်းသိမ်းကာကွယ်မှု ရှိစေမည်ဟု ယခုလ ၁၂ ရက်နေ့က ပေကျင်း၌ ပြောကြားခဲ့ပါသည်။

စာရင်းအရ တရုတ်နိုင်ငံ၏ ၂၀၁၈ခုနှစ် ပညာမူပိုင်ခွင့်တင်သွင်းမှု ပမာဏမှာ ယွမ် ဘီလီယံ ၂၃၀ ရှိပြီး လွန်ခဲ့သည့်နှစ် အလားတူအချိန်ပိုင်းကထက် ၂၀ ရာခိုင်နှုန်းတိုးများကြောင်း၊ တင်ပို့မှုပမာဏမှာ ယွမ် ၃၇ ဘီလီယံရှိပြီး လွန်ခဲ့သည့်နှစ် အလားတူအချိန်ပိုင်းကထက် ၁၅ ရာခိုင်နှုန်းတိုးများကာ လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်သော အလားအလာရှိကြောင်းသိရသည်။

   Webradio