• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

၂၀၁၈ခုနှစ်တွင် ဖိလစ်ပိုင်၌ တရုတ် ရင်းနှီးမြှုပ်နှံမှု အများဆုံး ဖြစ်လာဟု တရုတ် ဆိုင်ရာ ဖိလစ်ပိုင် စီးပွားရေး သံမှူးဆို

(GMT+08:00) 2019-03-13 13:00:58

တရုတ် နိုင်ငံ ဆိုင်ရာ ဖိလစ်ပိုင် နိုင်ငံ စီးပွားရေး သံမှူး ဂလင် ပယ်နာရာန်ဒါက ယခုလ ၁၁ရက်နေ့က ပီကင်း၌ စီအာအိုင် သတင်းထောက်နှင့် တွေ့ဆုံရာတွင် ၂၀၁၈ခုနှစ်၌ ဖိလစ်ပိုင်တွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ၌ တရုတ် ရင်းနှီးမြှုပ်နှံမှု အများဆုံး ဖြစ်လာကြောင်း ပြောကြားသည်။

၎င်းက ယမန်နှစ်တွင် ဖိလစ်ပိုင်၌ တရုတ်ပြည်၏ ရင်းနှီးမြှုပ်နှံမှု ပမာဏမှာ အမေရိကန် ဒေါ်လာ ၉၇၅သန်းရှိပြီး ၂၀၁၇ခုနှစ်ကထက် ၂၀၇၂ရာခိုင်နှုန်း တိုးလာကြောင်း၊ ယင်းသည် နှစ်နိုင်ငံ ချစ်ကြည်မှုနှင့် ပူးပေါင်းဆောင်ရွက်မှု အဆက်မပြတ် နက်ရှိုင်းတိုးပွားလာခြင်း ကြောင့်ဖြစ်ကြောင်း၊ နှစ်နိုင်ငံ စီးပွားကုန်သွယ်ရေး ဆက်ဆံမှုသည် နှစ်နိုင်ငံ ဆက်ဆံမှု တစ်ဆင့်တိုး ဖွံ့ဖြိုးတိုးတက်ရေး အတွက် အခွင့်ကောင်း များစွာ ဖန်တီးပေးနေ ကြောင်းလည်း ပြောကြားသည်။

   Webradio