• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

၁၃ကြိမ်မြောက် ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် ဒုတိယအကြိမ် အစည်းအဝေး တတိယအကြိမ် မျက်နှာစုံညီအစည်းအဝေး ကျင်းပ

(GMT+08:00) 2019-03-13 10:56:06

        ၁၃ကြိမ်မြောက် ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် ဒုတိယအကြိမ် အစည်းအဝေး၏ တတိယအကြိမ် မျက်နှာစုံညီအစည်းအဝေးကို ယခုလ ၁၂ ရက်နေ့က ပြည်သူ့ခန်းမဆောင်ကြီး၌ ကျင်းပခဲ့ရာ ပြည်သူ့တရားရုံးချုပ်နှင့် ပြည်သူ့ ရှေ့နေရုံးချုပ်၏ လုပ်ငန်းအစီရင်ခံစာကို ကြားနာစိစစ်ခဲ့ကြောင်း၊ ရှီကျင့်ဖိန်၊ လီခေ့ချန်၊ လိကျန့်ရှူး၊ ဝမ်ယန်၊ ဝမ်ဟုနင်၊ ကျော့လေ့ကျိ၊ ဟန်ကျန့်နှင့် ဝမ်ချီရှမ်းတို့သည် ယင်းအစည်းအဝေးသို့ တက်ရောက်ခဲ့ကြကြောင်း ဆင်ဟွာသတင်းအရ သိရပါသည်။

        ပြည်သူ့တရားရုံးချုပ် တရားသူကြီးချုပ် ကျူးချန်နှင့် ပြည်သူ့ ရှေ့နေရုံးချုပ် ရှေ့နေချုပ် ကျန်းကျွန်းတို့သည် ၂၀၁၈ခုနှစ် အဓိက လုပ်ငန်းတာဝန်များနှင့် ၂၀၁၉ခုနှစ် အစီအစဉ်များကို အသီးသီးကြေညာခဲ့သည်ဟု သတင်းအရ သိရပါသည်။

   Webradio