• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ရှီကျင့်ဖိန်သည် ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် အစည်းအဝေး တပ်မတော်နှင့် ရဲတပ်ဖွဲ့ ကိုယ်စားလှယ်အဖွဲ့၏ မျက်နှာစုံညီအစည်းအဝေး တက်ရောက်

(GMT+08:00) 2019-03-13 09:38:39

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူး၊ နိုင်ငံတော် ဥက္ကဋ္ဌ၊ ဗဟိုစစ်ရေးကော်မရှင် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် ယခုလ ၁၂ ရက်နေ့ ညနေပိုင်းက ၁၃ ကြိမ်မြောက် ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် အစည်းအဝေး ပြည်သူ့ လွတ်မြောက်ရေး တပ်မတော်နှင့် ရဲတပ်ဖွဲ့ ကိုယ်စားလှယ်အဖွဲ့၏ မျက်နှာစုံညီအစည်းအဝေးသို့ တက်ရောက်ခဲ့ကြောင်း ဆင်ဟွာ သတင်းအရ သိရပါသည်။

ရှီကျင့်ဖိန်က၊ ယခုနှစ်သည် အသင့်အတင့် ချမ်းသာသော လူ့ဘောင်အဖွဲ့အစည်း နေထိုင်မှုဘဝ ဘက်စုံ တည်ထောင်ရေးနှင့် ပထမဆုံးသော "နှစ်တစ်ရာ ကြိုးပမ်း ဆောင်ရွက်ရေး ရည်မှန်းချက်" ဖေါ်ဆောင်ရန် သော့ချက်ကျသော နှစ်တစ်နှစ် ဖြစ်သည့် အပြင်၊ တပ်မတော်၏ ၁၃ ခုမြောက် ငါးနှစ်စီမံကိန်း ဖေါ်ဆောင်ရန်နှင့် နိုင်ငံတော် ကာကွယ်ရေးနှင့် တပ်မတော် တည်ဆောက်ရေး ၂၀၂၀ ရည်မှန်းချက် ဖေါ်ဆောင်ရန် အရေးကြီးသော နှစ်တစ်နှစ်လည်း ဖြစ်ကြောင်း၊ တပ်မတော် တစ်ရပ်လုံး အနေနှင့် တရုတ် အိပ်မက်နှင့် အားကောင်းသော တပ်ဖွဲ့ တည်ထောင်ရန် အိပ်မက် ဖေါ်ဆောင်ရေး ရှုထောင့်မှနေပြီး၊ ဇွဲသတ္တိရှိရှိဖြင့် ထမ်းဆောင်သင့်သော တာဝန်ဝတ္တရားများကို ထမ်းဆောင်၍၊ ရည်မှန်းချက်တာဝန်များကို လျာထားသည့်အချိန်အတိုင်း ပြီးမြောက်အောင် ဆောင်ရွက်ရမည် ဖြစ်ကြောင်း မှာကြားခဲ့ပါသည်။ (ကျော့)

   Webradio