• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

၁၃ ကြိမ်မြောက် ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် ဒုတိယအကြိမ် အစည်းအဝေးတွင် အဆိုပြုချက် ၄၉၁ ရပ်ကို လက်ခံ ရရှိ

(GMT+08:00) 2019-03-13 09:36:49

၁၃ ကြိမ်မြောက် တရုတ် ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် ဒုတိယအကြိမ် အစည်းအဝေး အတွင်းရေးမှူးဌာန အဆိုပြုချက်ရေးရာအဖွဲ့ တာဝန်ရှိပုဂ္ဂိုလ်က၊ အစည်းအဝေး သဘာပတိအဖွဲ့မှ သတ်မှတ်သော ကိုယ်စားလှယ်များ အဆိုပြုချက် တင်သွင်းရန် နောက်ဆုံးအချိန် အထိ၊ အဆိုပြုချက် စုစုပေါင်း ၄၉၁ ရပ်ကို လက်ခံ ရရှိခဲ့ပြီ ဖြစ်ကြောင်း၊ အထက်ပါ အဆိုပြုချက်များသည် ပါတီနှင့် နိုင်ငံတော်၏ လုပ်ငန်းများကို ဝိုင်းဝန်းပြီး တင်သွင်းခြင်း ဖြစ်ကာ၊ ဥပဒေပြုခြင်းဖြင့် အရေးကြီး မူဝါဒများနှင့် အရေးကြီး မဟာဗျူဟာများ ဖေါ်ဆောင်ခြင်းကို တွန်းအားပေးမည် ဖြစ်ကြောင်း ယခုလ ၁၂ ရက်နေ့က သတင်းထောက်များနှင့် တွေ့ဆုံရာတွင် ပြောကြားခဲ့သည်ဟု စီအာအိုင် သတင်းအရ သိရပါသည်။ (ကျော့)

   Webradio