• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

နိုင်ငံခြားကုန်သည်များ ရင်းနှီးမြှုပ်နှံရေး ဥပဒေမူကြမ်းကို ကော်မတီဝင်များ ဆွေးနွေး

(GMT+08:00) 2019-03-13 09:34:17

တရုတ်ပြည်၏ နိုင်ငံခြားကုန်သည်များ ရင်းနှီးမြှုပ်နှံရေး ဥပဒေမူကြမ်းကို တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် နှစ်ပတ်လည် အစည်းအဝေး၌ စိစစ် ဆွေးနွေးရန် မကြာမီက တင်သွင်းခဲ့ပြီး၊ ယခုရက်များတွင် တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် အစည်းအဝေးနှင့် ပြည်သူ့နိုင်ငံရေး အတိုင်ပင်ခံကွန်ဖရင့် အစည်းအဝေးသို့ တက်ရောက်နေသော ပြည်သူ့ကွန်ဂရက် ကိုယ်စားလှယ်များနှင့် ပြည်သူ့နိုင်ငံရေး အတိုင်ပင်ခံကွန်ဖရင့် ပြည်လုံးဆိုင်ရာ ကော်မတီဝင်များသည် အထက်ပါ ဥပဒေမူကြမ်းကို သေသေချာချာ စိစစ် ဆွေးနွေး ခဲ့ကြပါသည်။

ကော်မတီဝင် အချို့က၊ ယင်းဥပဒေမူကြမ်းသည် နိုင်ငံခြားကုန်သည်များ၏ တရုတ်ပြည်၌ ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ရန် ယုံကြည်စိတ် တိုးမြင့်လာစေ နိုင်မည် ဖြစ်ပြီး တရုတ်နိုင်ငံတွင် ပိုမို တည်ငြိမ် ပွင့်လင်းပြီး ပိုမို တရားမျှတသော ပိုမို ကြိုထင် ခန့်မှန်းရသည့် ဈေးကွက် ယှဉ်ပြိုင်ရေး ပတ်ဝန်းကျင် ဖန်တီးရေးအတွက် အထောက်အကူပေးမည် ဖြစ်ကြောင်း ပြောကြားပါသည်။

အရပ်ဘက် လုပ်ငန်းကုမ္ပဏီဆိုင်ရာ ကော်မတီဝင် အချို့က၊ တရုတ်ပြည် အရပ်ဘက် ကုမ္ပဏီများသည် နိုင်ငံခြားကုန်သည်များ ရင်းနှီးမြှုပ်နှံရေးဥပဒေကို ကြိုဆိုကြောင်း၊ ယင်းဥပဒေသည် အရပ်ဘက် ကုမ္ပဏီများ အကျိုးစီးပွါး ခံစားစေနိုင်မည် ဖြစ်ကြောင်း၊ မိမိတို့သည် စိန်ခေါ်မှု အရပ်ရပ်ကို ရင်ဆိုင် ဖြေရှင်းနိုင်စွမ်း ရှိပြီး ယုံကြည်စိတ်လည်း ရှိပါကြောင်း ပြောကြားခဲ့ကြပါသည်။ (ကျော့)

   Webradio