• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်ဗဟိုမီဒီယာအုပ်စုသည် အမျိုးအစားသစ်အဓိကမီဒီယာဖြစ်ရန်ဖန်တီးနေ

(GMT+08:00) 2019-03-12 14:09:13

ယခုနှစ် NPC နှင့် CPPCC အစည်းအဝေးဆိုင်ရာသတင်းများ ရေးသားပေးပို့ရာတွင် တရုတ် ဗဟိုမီဒီယာအုပ်စုသည် နည်းပညာသစ်များကို အသုံးပြုပြီး မီဒီယာမျိုးစုံ ရောနှောပေါင်းစပ်ပြီး သတင်းပေးပို့သောနည်းလမ်းကို ဆန်းသစ်တီထွင်ကာ ပါတီ၏ မူဝါဒနှင့် NPC ၊ CPPCC ကိုယ်စားလှယ်နှင့် ကော်မတီဝင်များ၏ အသံကို အချိန်မှီ ပေးပို့ခဲ့ ပါသည်။

     တရုတ်ဗဟိုမီဒီယာအုပ်စုသည် ကမ္ဘာပေါ်တွင် 5G နည်းပညာဖြင့် အလွန်ရှင်းလင်းပြတ်သားသော 4K လှိုင်းနှုန်း ဆက်တိုက်ပေးပို့ခြင်းကို ပထမဆုံးအကြိမ်အဖြစ် အကောင်အထည်ဖေါ်ပြီး ဗဟိုမီဒီယာအုပ်စု 4K ချယ်နယ်၌ NPC နှင့် CPPCC ဆိုင်ရာ သတင်းစာရှင်းလင်းပွဲများကို Live ထုတ်လွှင့်ခဲ့သည်။ အစည်းအဝေးသို့ တက်ရောက်ကြသော ပြည်သူ့ကိုယ်စားလှယ်နှင့် ကော်မတီဝင်များ နည်းပညာသစ်ဆောင်ကျဉ်းလာသော ပြောင်းလဲမှုကို ခံစားစေရန် ဗဟိုမီဒီယာအုပ်စုသည် 5G နည်းပညာဖြင့် 4K ရုပ်မြင်သံကြားအစီအစဉ်များကို ပြည်သူ့ခန်းမဆောင်ကြီး၊ NPC နှင့် CPPCC သတင်းစင်တာ၊ ပြည်သူ့ကိုယ်စားလှယ်နှင့် ကော်မတီဝင်များ နေထိုင်သောနေရာတွင် ထုတ်လွှင့်ခဲ့သည်။

     ပြည်သူ့ခန်းမဆောင်ကြီးနှင့် NPC ၊ CPPCC သတင်းစင်တာအပြင် ဗဟိုမီဒီယာအုပ်စု သည် ထျန်အန်မိန်ရင်ပြင်တော်ကြီး၊ ပြည်သူ့ကိုယ်စားလှယ်နှင့် ကော်မတီဝင်များ နေထိုင်ရာနေရာများ၌ 5G လှိုင်းနှုန်း လွှမ်းမိုးမှုကို အကောင်အထည်ဖေါ်ခဲ့သည်။ ဗဟိုမီဒီယာအုပ်စုမှ 5G နယူးမီဒီယာပလက်ဖေါင်းမှနေတစ်ဆင့် big data နှင့် AI စသည့် နည်းပညာများကို အသုံးပြုကာ 4K နှင့် VR ဗီဒီယိုလှိုင်းနှုန်းများ ထုတ်လွှင့်ခဲ့သည်ဟု သိရ သည်။

   တရုတ်ဗဟိုမီဒီယာအုပ်စုသည် ရုပ်မြင်သံကြားနှင့် ရေဒီယိုအားသာချက်ကို အပြည့်အဝ အသုံးပြုပြီး နည်းပညာသစ်ဖြင့် CCTV ၊ CNR ၊ CRI နှင့် ဗဟိုမီဒီယာအုပ်စုပိုင် မီဒီယာများကို ဆက်သွယ်ထားကာ ပလက်ဖေါင်းဖြတ်ကျော်၊ ချယ်နယ်နှင့် FM ရောနှောပေါင်းစပ်ပြီး ထုတ်လွှင့်ခြင်းကို အကောင်အထည်ဖေါ်ခဲ့သည်ဟုသိရသည်။

   Webradio