• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်နိုင်ငံ၏ဆင်းရဲမှုပပျောက်ရေးလုပ်ငန်းသည် ဂုဏ်ယူဝမ်းမြောက်မိသည်ဟု တရုတ်နိုင်ငံဆိုင်ရာဗီယက်နမ်သံအမတ်ကြီးဆို

(GMT+08:00) 2019-03-12 10:34:12

   တရုတ်နိုင်ငံဆိုင်ရာဗီယက်နမ်သံအမတ်ကြီးဒန်မင်ခွေသည် ယခုလ ၁၁ ရက်နေ့က ပေကျင်း၌ စီအာအိုင်သတင်းထောက်နှင့်တွေ့ဆုံရာတွင် တရုတ်အစိုးရနှင့်ပြည်သူများ စီးပွားရေးလူမှုရေးဖွံ့ဖြိုးတိုးတက်မှု တိုးမြှင့်ရေးလုပ်ငန်းစဉ်များတွင် အောင်ပွဲရရှိနိုင်မှာ မိမိယုံကြည် ကြောင်း ပြောကြားခဲ့သည်ဟု စီအာအိုင်သတင်းအရသိရသည်။

     သံအမတ်ကြီးဒန်မင်ခွေက တရုတ်နိုင်ငံ၏ အိမ်နီးချင်းနိုင်ငံနှင့် ဘက်စုံမဟာဗျူဟာ ပူးပေါင်းဆောင်ရွက်ရေးမိတ်ဖက်အနေနှင့် တရုတ်အစိုးရက လူမှုသက်သာချောင်ချိရေး တိုးမြှင့်ရေး၊ ပြည်သူ့နေထိုင်မှုဘဝ ပိုမိုကောင်းမွန်အောင်ဆောင်ရွက်ရေး၊ ဆင်းရဲမှုပပျောက်ရေးဘက်မှ ရရှိခဲ့သော အောင်မြင်မှုများကို ဗီယက်နမ်နိုင်ငံသည် မြင့်မားစွာ ချီးကျူးကြောင်း၊ အထူးသဖြင့် တရုတ်နိုင်ငံ၏ ဆင်းရဲသူအခြေအနေအရ သင့်တော်သည့် ဆင်းရဲမှုပပျောက်ရေးနည်းလမ်းဖြင့် ဆောင်ရွက်သောလုပ်ငန်းများကို ဂုဏ်ယူဝမ်းမြောက်မှုဖြစ်မိကြောင်း ပြောကြားသည်။

   Webradio