• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

နိုင်ငံခြားကုန်သည်များရင်းနှီးမြှုပ်နှံရေးဥပဒေသည် နိုင်ငံခြားကုန်သည်များ တရုတ်ပြည်၌ ရင်းနှီးမြှုပ်နှံရာတွင် ပိုမိုစိတ်ချစေကြောင်းလီဖေးဆို

(GMT+08:00) 2019-03-12 10:30:20

၁၃ကြိမ်မြောက် တရုတ်ပြည်လုံးဆိုင်ရာပြည်သူ့ကွန်ဂရက် ဒုတိယအကြိမ်အစည်း အဝေး ကိုယ်စားလှယ်အဖွဲ့မျက်နှာစုံညီအစည်းအဝေးကို ယခုလ ၁၀ ရက်နေ့နံနက်ပိုင်းက ကျင်းပခဲ့ရာ ဘက်အသီးသီးမှ အာရုံစူးစိုက်သော တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံခြားကုန်သည်များ ရင်းနှီးမြှုပ်နှံရေးဥပဒေမူကြမ်းကို စိစစ်ခဲ့သည်။ အစည်းအဝေးအပြီး ၁၃ ကြိမ်မြောက် တရုတ်ပြည်လုံးဆိုင်ရာပြည်သူ့ကွန်ဂရက် ဒုတိယအကြိမ်အစည်းအဝေးမှ ဒုအတွင်းရေးမှူးချုပ်၊ ပြည်လုံးဆိုင်ရာပြည်သူ့ကွန်ဂရက် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ဥပဒေ ရေးရာကော်မတီမှ ဥက္ကဋ္ဌကော်မတီဝင် လီဖေးသည် စီအာအိုင်သတင်းထောက်နှင့် တွေ့ဆုံ ရာတွင် နိုင်ငံခြားကုန်သည်များ ရင်းနှီးမြှုပ်နှံရေးဥပဒေကို ထုတ်ပြန်ပြီးနောက် နိုင်ငံခြားကုန်သည်များ တရုတ်ပြည်၌ ရင်းနှီးမြှုပ်နှံရာတွင် ပိုမိုစိတ်ချစေနိုင်ကြောင်း ပြောကြားခဲ့ပါသည်။

လီဖေးက တရုတ်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံရေးပတ်ဝန်းကျင် ပိုမိုကောင်းမွန်လာခြင်းနှင့် ဥပဒေ ပိုမိုပြည့်စုံလာခြင်းနှင့်အမျှ တရုတ်ပြည်၌ ရင်းနှီးမြှုပ်နှံခြင်းသည် ရှေ့အလားအလာ ကောင်းမွန်ကြောင်း ပြောကြားခဲ့ပါသည်။

   Webradio