• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ဟောင်ကောင်နှင့် မကာအိုသည် အရေးကြီး အခွင့်ကောင်းကို လက်မလွှတ်ဘဲ အားသာချက်များကို ဖော်ထုတ်ပြီး ကွမ်တုန်း-ဟောင်ကောင်-မကာအို ပင်လယ်ကွေ့ ဒေသကြီးကို ကောင်းမွန်စွာ တည်ဆောက်မည်ဟု ဟောင်ကောင်နှင့် မကာအိုမှ တရုတ် ပြည်လုံးဆိုင်ရာ ပြည်သူ့ ကွန်ဂရက် ကိုယ်စားလှယ်များဆို

(GMT+08:00) 2019-03-11 14:51:49

    ပီကင်းတွင် တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ ကွန်ဂရက် နှစ်ပတ်လည် အစည်းအဝေးသို့ တက်ရောက်နေသော ဟောင်ကောင် အထူးအုပ်ချုပ်ရေး ဒေသနှင့် မကာအို အထူး အုပ်ချုပ်ရေး ဒေသများမှ ကိုယ်စားလှယ်များက အစိုးရ လုပ်ငန်း အစီရင်ခံစာကို စိစစ်ရာတွင် ကွမ်တုန်း-ဟောင်ကောင်-မကာအို ပင်လယ်ကွေ့ ဒေသကြီး တည်ဆောက်ရေးကို နိုင်ငံတော် အဆင့်မှ အားပေးထောက်ခံကြောင်း၊ ယင်းသည် လာမည့် အချိန်ပိုင်း တစ်ခု အတွင်း ဟောင်ကောင်နှင့် မကာအို အတွက် အရေးကြီး အခွင့်ကောင်း ဖြစ်ကြောင်း၊ ဟောင်ကောင်နှင့် မကာအိုသည် ၄င်းအခွင့်ကောင်းကို လက်မလွှတ်ဘဲ မိမိတို့၏ အားသာချက်များကို ဖော်ထုတ်ပြီး နိုင်ငံတော်ကို ဝန်ဆောင်ကာ ကွမ်တုန်း-ဟောင်ကောင်-မကာအို ပင်လယ်ကွေ့ ဒေသကြီးကို ကောင်းမွန်စွာ တည်ဆောက်မည် ဖြစ်ကြောင်း ပြောကြားသည်ဟု စီအာအိုင် သတင်းအရ သိရသည်။

   Webradio