• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ရှီကျင့်ဖိန်၊လိကျန့်ရှူး၊ ဝမ်းယန်၊ ဝမ်ဟုနင်နှင့် ကျောက်လို့ကြည့်သည် ပြည်လုံးဆိုင်ရာ ပြည်သူ့ ကွန်ဂရက် အစည်းအဝေး ကိုယ်စားလှယ်အဖွဲ့များ၏ စိစစ်ဆွေးနွေးပွဲသို့ အသီးသီး တက်ရောက်

(GMT+08:00) 2019-03-11 14:47:16

      တရုတ် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူး၊ နိုင်ငံတော်ဥက္ကဋ္ဌ၊ ဗဟိုစစ်ရေးကော်မရှင် ဥက္ကဋ္ဌ ရှီကျင့်ဖိန်၊ တရုတ် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေး ဦးဆောင်အဖွဲ့ အမြဲတမ်း အဖွဲ့ဝင်၊ တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ ကွန်ဂရက် အမြဲတမ်းကော်မတီ ဥက္ကဋ္ဌ လိကျန့်ရှူး၊ တရုတ် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေး ဦးဆောင်အဖွဲ့ အမြဲတမ်း အဖွဲ့ဝင်၊ တရုတ်ပြည်သူ့နိုင်ငံရေးအတိုင်ပင်ခံ ကွန်ဖရင့် ပြည်လုံးဆိုင်ရာ ကော်မတီ ဥက္ကဋ္ဌ ဝမ်းယန်၊ တရုတ် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေး ဦးဆောင်အဖွဲ့ အမြဲတမ်း အဖွဲ့ဝင်၊ ဗဟိုကော်မတီ အတွင်းရေးမှူးရုံး အတွင်းရေးမှူး ဝမ်ဟုနင်နှင့် တရုတ် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေး ဦးဆောင်အဖွဲ့ အမြဲတမ်း အဖွဲ့ဝင်၊ တရုတ် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ စည်းကမ်း ထိန်းသိမ်းရေး ကော်မရှင် အတွင်းရေးမှူး ကျောက်လို့ကြည့်သည်၊ ယခုလ ၁၀ ရက်နေ့က ၁၃ကြိမ်မြောက် တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် ဒုတိယအကြိမ်အစည်းအဝေး ကျင်းပစဉ် အတွင်း ဖူကျန့်၊ ကျန်းစူး၊ ရှီးဇန့်၊ ရှင်ကျန်းနှင့် ဟိုင်နန် ကိုယ်စားလှယ်အဖွဲ့များ၏ စိစစ်ဆွေးနွေးပွဲသို့ အသီးသီး တက်ရောက်ခဲ့ကြောင်း ဆင်ဟွာ သတင်းအရ သိရသည်။

   Webradio