• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်-ကန် စီးပွားကုန်သွယ်ရေး ဆွေးနွေးပွဲတွင် ငွေလဲလှယ်နှုန်းဆိုင်ရာ အဓိက အရေးကြီး သော့ချက်ကျသည့် ပြဿနာရပ်များအပေါ် သဘောတူညီမှုရရှိပြီဟု တရုတ်ဗဟိုဘဏ် ဥက္ကဋ္ဌ ဆို

(GMT+08:00) 2019-03-11 10:39:29

မကြာခင်က ကျင်းပပြီးစီးခဲ့သော သတ္တမအကြိမ်မြောက် တရုတ်-အမေရိကန် စီးပွား ကုန်သွယ်ရေး အဆင့်မြင့် ဆွေးနွေးပွဲတွင် နှစ်ဖက်တို့သည် ငွေလဲလှယ်နှုန်းပြဿနာနှင့် ပတ်သက်၍ ဆွေးနွေးသည့်အခါ အဓိက အရေးကြီး သော့ချက်ကျသည့် ပြဿနာရပ်များအပေါ် သဘောတူညီမှု ရရှိခဲ့ကြောင်း၊ ၁၀ရက်နေ့က ပီကင်းမြို့၌ တရုတ် ဗဟိုဘဏ်ဖြစ်သည့် တရုတ်ပြည်သူ့ဘဏ် ဥက္ကဋ္ဌ အိကန်းက ပြောကြားခဲ့သည်ဟု စီအာအိုင်သတင်းအရ သိရပါသည်။

ငွေလဲလှယ်နှုန်းပြဿနာသည် ဂျီ၂၀အုပ်စု၊ နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ စသော နှစ်ဖက်၊ ဘက်ပေါင်းစုံ ပလက်ဖောင်း၏ အရေးကြီးပြဿနာ တစ်ရပ်ဖြစ်ကြောင်း၊ ငွေလဲလှယ်နှုန်းပြဿနာနှင့်ပတ်သက်၍ တရုတ် နှင့် အမေရိကန်တို့ ဆွေးနွေးသည်မှာ ကြာမြင့်ခဲ့ပြီဖြစ်ကြောင်း အိကန်းက အလေးထားပြောပါသည်။

   Webradio