• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

စက်ရုံအလုပ်ရုံဖြစ်သော စီးပွားရေး လုပ်ငန်းကို လက်တွေ့ကျကျ ဆောင်ရွက်ရန် လိုသည်ဟု ရှီကျင့်ဖိန်ဆို

(GMT+08:00) 2019-03-11 10:36:19

 ဒီလ ၁၀ရက်နေ့က တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ ကွန်ဂရက် နှစ်ပတ်လည် အစည်းအဝေးကို တက်ရောက်တဲ့ ဖူကျန့်ကိုယ်စားလှယ်အဖွဲ့ရဲ့ စိစစ်ဆွေးနွေးပွဲမှာ ရှီကျင့်ဖိန်က စက်ရုံအလုပ်ရုံဖြစ်သော စီးပွားရေး လုပ်ငန်းကို ဆောင်ရွက်တဲ့ လုပ်ငန်းရှင် တစ်ဦးကို ချီးကျူးတယ်။ အဲဒီ လုပ်ငန်းရှင်ဟာ တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ ကွန်ဂရက် ကိုယ်စားလှယ် တင်းရှိကျုံး ဖြစ်တယ်။ တင်းရှိကျုံးဟာ အားကစား ကုမ္ပဏီ Antaရဲ့ ဒါရိုက်တာအဖွဲ့ ဥက္ကဋ္ဌ ဖြစ်တယ်။ Antaဟာ ကမ္ဘာပေါ်မှာ ဈေးကွက် တန်ဖိုး တတိယ အများဆုံးသော အားကစား ကုမ္ပဏီ ဖြစ်တယ်။ တင်းရှိကျုံးက ဖူကျန့်ပြည်နယ်က ပုဂ္ဂလိကပိုင် လုပ်ငန်းရှင်များဟာ စက်ရုံအလုပ်ရုံဖြစ်သော စီးပွားရေး လုပ်ငန်းများကို စွဲကိုင်ဆောင်ရွက်ပြီး ဆန်းသစ်တီထွင်မှုဖြင့် ဖွံ့ဖြိုးတိုးတက်မှုကို တွန်းအားပေးတယ်၊ Antaကုမ္ပဏီရဲ့ နှစ်စဉ် ဝင်ငွေမှာ ၂၀၀၁ခုနှစ်က တရုတ် ယွမ်ငွေ သန်း၃၀၀လောက်ရှိရာမှ ၂၀၁၈ခုနှစ်က ယွမ်ငွေ ၂၄့၁ဘီလီယံ အထိ တိုးလာတယ်လို့ ရှီကျင့်ဖိန်ကို ပြောပြတယ်။ အဲဒီ ပြောကြားချက်ကို နားထောင်ပြီးတော့ ရှီကျင့်ဖိန်က တင်းရှိကျုံးကို ချီးကျူးပြောကြားရာမှာ လုပ်ငန်းကုမ္ပဏီကို လုပ်ကိုင်ဆောင်ရွက်တဲ့ ရည်ရွယ်ချက်မှာ အကျိုးအမြတ်ရရှိဖို့ပဲ မဟုတ်ဘူး၊ စက်ရုံအလုပ်ရုံဖြစ်သော စီးပွားရေး လုပ်ငန်းကို လက်တွေ့ကျကျ စိတ်ရောကိုယ်ပါ ဆောင်ရွက်ရန် လိုတယ်လို့ ပြောကြားတယ်။

      ရှီကျင့်ဖိန်က ဒီလ ၁၀ရက်နေ့က ဖူကျန့်ကိုယ်စားလှယ်အဖွဲ့မှ တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် ကိုယ်စားလှယ်များနဲ့ စိစစ်ဆွေးနွေးရာမှာ ဆန်းသစ်တီထွင်မှုနဲ့ လုပ်ငန်း စတင်တည်ထောင်ရေး အတွက် ကောင်းမွန်တဲ့ အခြေအနေကို ဖန်တီးပေးပြီး လူများရဲ့ ဆန်းသစ်တီထွင်မှုနဲ့ လုပ်ငန်းစတင်တည်ထောင်ရေး စွမ်းအားကို အတတ်နိုင်ဆုံး ဖော်ထုတ်ကာ ကမ္ဘာပေါ်မှာ တရုတ်ပြည်ရဲ့ သြဇာသက်ရောက်မှုနဲ့ ယှဉ်ပြိုင်နိုင်စွမ်းကို အဆက်မပြတ် တိုးမြှင့်ရတယ်၊ အလတ်စားနှင့် အသေးစား ကုမ္ပဏီများနဲ့ လူငယ်များရဲ့ ဆန်းသစ်တီထွင်မှုနဲ့ ဖွံ့ဖြိုးတိုးတက်မှု အတွက် ကောင်းမွန်တဲ့ အခြေအနေ ဖန်တီးပေးသင့်တယ်လို့ အလေးထား ပြောကြားတယ်။

  ရှီကျင့်ဖိန်က ဒီလ ၁၀ရက်နေ့က ဖူကျန့်ကိုယ်စားလှယ်အဖွဲ့မှ တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် ကိုယ်စားလှယ်များနဲ့ စိစစ်ဆွေးနွေးရာမှာ ရေလက်ကြား နှစ်ဖက်ကမ်း အကြား ရောနှောပေါင်းစပ်ခြင်းရှိတဲ့ ဖွံ့ဖြိုးတိုးတက်ရေး နည်းလမ်းသစ်ကို စူးစမ်းရှာဖွေဖို့ လိုအပ်တယ်၊ ရေလက်ကြား နှစ်ဖက်ကမ်းဟာ စီးပွားကုန်သွယ်မှု ပူးပေါင်းဆောင်ရွက်ရေး ဆိုင်ရာ အဟန့်အတား မရှိအောင် အဆင်ပြေမှု၊ အခြေခံ အဆောက်အအုံ ဆိုင်ရာ ဆက်ဆံရေး၊ စွမ်းအင်နဲ့ သယံဇာတ ဆိုင်ရာ အပြန်အလှန် ဆက်ဆံရေး၊ လုပ်ငန်းစံချိန် စံညွှန်း ညီညွတ်စေရေးတွေကို တိုးမြှင့်ဖို့ လိုအပ်တယ်လို့ ပြောကြားတယ်။

ဒါ့အပြင်၊ ရှီကျင့်ဖိန်က ပြည်မကြီး ပြည်သူများ အတွက် ဝန်ဆောင်မှု ပေးသလို ထိုင်ဝမ်မွေးချင်း ပေါက်ဖော်များ အတွက်လည်း ချမ်းမြေ့သာယာမှု ဖန်တီးပေးသင့်တယ်၊ ထိုင်ဝမ်အပေါ် ဦးစားပေး မူဝါဒ ဆောင်ရွက်ချက်များကို လက်တွေ့ကျကျ အကောင်အထည် ဖော်ဆောင်ရတယ်၊ တစ်ချိန်တည်းမှာပဲ ထိုင်ဝမ်မွေးချင်းပေါက်ဖော်များရဲ့ အသံကို နာကြားပြီး ပိုမိုများပြားတဲ့ ထိုင်ဝမ် အပေါ် ဦးစားပေး မူဝါဒ ဆောင်ရွက်ချက်များကို လေ့လာ

သင့်တယ်လို့ ပြောကြားတယ်။

  ဒီလ ၁၀ရက်နေ့က တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် နှစ်ပတ်လည် အစည်းအဝေးကို တက်ရောက်တဲ့ ဖူကျန့်ကိုယ်စားလှယ်အဖွဲ့ရဲ့ စိစစ်ဆွေးနွေးပွဲမှာ ရှီကျင့်ဖိန်က ဒီနှစ်ဟာ တရုတ်ပြည်သူ့ သမ္မတ နိုင်ငံ တည်ထောင်ခဲ့တဲ့ နှစ်၇၀ ပြည့်မြောက်နှစ် ဖြစ်တယ်၊ ရေသောက်သုံးသည့် အခါ ရေကြည်ဆောင်ပေးသူကို သတိရသလို လွတ်လပ်ရေး ဒေသဟောင်းများကို မေ့လို့မရဘူး၊ လွတ်လပ်ရေး ဒေသဟောင်းများကို ဘက်စုံအတော်အတန် ချမ်းသာတဲ့ လူ့ဘောင် အဖွဲ့အစည်း ဘက်စုံတည်ဆောက်ရေး ဖြစ်စဉ်မှာ နောက်တန်းမှာကျ မကျန်ရစ်စေဖို့ ကြိုးပမ်းဆောင်ရွက်ရတယ်လို့ ပြောကြားတယ်

ဖူကျန့်ပြည်နယ်ဟာ တရုတ်ပြည်မှာ နာမည်ကျော်ကြားတဲ့ လွတ်လပ်ရေး ဒေသဟောင်းဖြစ်တယ်။

   Webradio