• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်နိုင်ငံသည် ငွေလဲနှုန်းကို ယှဉ်ပြိုင်ရန် ရည်ရွယ်ချက်တွင် အသုံးပြုမည် မဟုတ်

(GMT+08:00) 2019-03-11 09:28:57

တရုတ် ဗဟိုဘဏ် ဖြစ်သည့် တရုတ်ပြည်သူ့ဘဏ် ဥက္ကဋ္ဌ ယီကမ်းက၊ တရုတ်နိုင်ငံသည် နိုင်ငံခြားငွေလဲနှုန်းကို ယှဉ်ပြိုင်ရန် ရည်ရွယ်ချက်တွင် အသုံးပြုမည် လုံးဝ မဟုတ်ကြောင်း၊ ကုန်သွယ်ရေး အငြင်းပွါးမှုဆိုင်ရာ ကိရိယာ အဖြစ် အသုံးပြုမည် မဟုတ်ကြောင်း၊ တရုတ် ငွေကြေးဈေးကွက် ဖွင့်လှစ်ရေးကို တရုတ်ပြည်၏ ပြုပြင် ပြောင်းလဲရေးနှင့် တံခါးဖွင့်ရေး အချိန်ဇယား အတိုင်း စနစ်တကျ တွန်းအားပေးခြင်း ဖြစ်ကြောင်း ယခုလ ၁၀ ရက်နေ့က ပီကင်း၌ ပြောကြားခဲ့ပါသည်။

ဆက်လက်ပြီး ယီကမ်းက၊ တရုတ်ပြည်၏ ပုံမှန် တည်ငြိမ်သော ငွေကြေး မူဝါဒ၏ အနက်အဓိပ္ပါယ် ပြောင်းလဲခြင်း မရှိကြောင်း၊ စုစုပေါင်း ပမာဏ သင့်တော်အောင်၊ ဖွဲ့စည်းပုံ ပိုမို ကောင်းမွန်အောင်၊ ပြည်တွင်းပြည်ပ ဘက်အရပ်ရပ် ညီမျှအောင် ဆောင်ရွက်ရမည် ဖြစ်ကြောင်း ပြောကြားပါသည်။

လူအများ အာရုံစိုက်နေကြသည့် တရုတ်ယွမ်ငွေနှင့် နိုင်ငံခြားငွေ လဲလှယ်နှုန်းကိစ္စ နှင့် ပတ်သက်ပြီး ယီကမ်းက၊ ငွေလဲနှုန်းကို တရားနည်းလမ်းကျပြီး ညီမျှသည့် အခြေခံပေါ်တွင် ပုံမှန် တည်ငြိမ်မှုကို ထိန်းသိမ်းထားနေကြောင်း၊ တရုတ်နိုင်ငံ၏ ယင်းနယ်ပယ်၌ ကြိုးပမ်းမှုနှင့် အောင်ကျိုးရလဒ်မှာ နိုင်ငံတကာမိသားစုကြီး၏ ကျယ်ကျယ်ပြန့်ပြန့် အတည်ပြုခြင်းကို ရရှိပြီ ဖြစ်ကြောင်း ပြောကြားပါသည်။

တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် အစည်းအဝေးတွင် စိစစ် ဆွေးနွေးနေဆဲ အစိုးရလုပ်ငန်း အစီရင်ခံစာတွင်၊ ယခုနှစ်တွင် တရုတ်နိုင်ငံသည် ပုံမှန် တည်ငြိမ်သော ငွေကြေး မူဝါဒကို ကျင့်သုံးမည် ဖြစ်ပြီး အလျော့အတင်း သင့်တော်အောင် ကိုင်တွယ်ရမည် ဖြစ်ကြောင်း ဖေါ်ပြထားပါသည်။ (ကျော့)

   Webradio