• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ယနေ့ တရုတ် ကျေးလက်ဒေသဟာ မျှော်လင့်ချက် အပြည့် ရှိတဲ့ နေရာ တစ်ကွက် ဖြစ်တယ်လို့ ရှီကျင့်ဖိန် ဆို

(GMT+08:00) 2019-03-09 15:53:56

ရှီကျင့်ဖိန်က၊ တရုတ်နိုင်ငံ စိုက်ပျိုးရေး ခေတ်မီရေး ဖွံ့ဖြိုးတိုးတက်မှု အလားအလာ လွန်စွာ ကောင်းမွန်ပြီး ယနေ့ တရုတ် ကျေးလက်ဒေသဟာ မျှော်လင့်ချက် အပြည့် ရှိတဲ့ နေရာ တစ်ကွက် ဖြစ်တယ်လို့ ဒီလ ၈ ရက်နေ့က ပီကင်းမှာ ပြောကြားပါတယ်။

တရုတ် လယ်ယာစိုက်ပျိုးရေး ပြည်နယ်ကြီး ဖြစ်တဲ့ ဟိုနန် ပြည်နယ် ပြည်သူ့ကွန်ဂရက် ကိုယ်စားလှယ်များနဲ့ ဆွေးနွေးရာမှာ ရှီကျင့်ဖိန်က၊ အခု တရုတ်ပြည် မြို့ပြနဲ့ ကျေးလက် ကြားမှာ လူကောင်းလူတော်နဲ့ ငွေရင်း စတာတွေ စီးဆင်းမှုဟာ တစ်နေ့တစ်ခြား သွက်လက်လာပြီး ကျေးလက်သို့ ပြန်သွားတဲ့ တက္ကသိုလ် ကျောင်းသူကျောင်းသား များလာနေသလို တရုတ်ပြည်သို့ ပြန်လာတဲ့ ပညာတော်သင် တော်တော်များများလည်း ကျေးလက်ဒေသမှာ လုပ်ငန်းထူထောင်ဖို့ အခွင့်အလမ်းတွေကို ရှာကြံနေကြတယ်လို့ ပြောကြားပါတယ်။

   Webradio