• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ကျေးလက်ဒေသ အခြေခံ အဆောက်အဦ ဆောက်လုပ်ရေးမှာ အရပ်ဘက် ငွေရင်းမြှုပ်နှံဖို့ အားပေးတယ်လို့ ရှီကျင့်ဖိန် ဆို

(GMT+08:00) 2019-03-09 15:53:31

တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် နှစ်ပတ်လည် အစည်းအဝေး တက်ရောက်နေတဲ့ ဒေသဆိုင်ရာ ကိုယ်စားလှယ်အဖွဲ့ တစ်ဖွဲ့ရဲ့ စိစစ် ဆွေးနွေးပွဲမှာ ပါဝင်ရာမှာ၊ ရှီကျင့်ဖိန်က၊ တရုတ် နိုင်ငံက ကျေးလက်တောရွာ ရှင်သန်မှု ဖေါ်ဆောင် လိုပါက၊ အမျိုးမျိုးသော အရပ်ဘက် ငွေရင်းများနဲ့ ကျေးလက်ဒေသ လမ်းပန်း ဆက်သွယ်ရေး၊ ပို့ဆောင်ရေး၊ ဆည်မြောင်းတာတမံ၊ ကျေးလက်ဒေသ သောက်သုံးရေ၊ ကုန်စည်စီးဆင်းမှု၊ ဝိုင်ဖိုင် စတဲ့ ကျေးလက် အခြေခံ အဆောက်အအုံ ဆောက်လုပ်ရေး နယ်ပယ်မှာ ရင်းနှီးမြှုပ်နှံဖို့ အားပေးရမှာ ဖြစ်ကြောင်း မှာကြားခဲ့ပါတယ်။

ရှီကျင့်ဖိန်က ကျေးလက်ဒေသများကို သွားရောက် လေ့လာ ကြည့်ရှုတဲ့အခါ၊ အမြဲဆိုသလို လယ်သမားများ ဘာတွေ လိုအပ်တာလဲ ဆိုတာကို မေးမြန်း တတ်ပါတယ်။ ရှီကျင့်ဖိန်ဟာ ကျေးလက်ဒေသ ကားလမ်း ဆောက်လုပ်ရေး အကြောင်းကို လွန်စွာ အရေးစိုက်ပါတယ်၊ အကြောင်းကတော့ အဲဒါဟာ လယ်သမားများ နေထိုင်မှုဘဝ ချမ်းသာလာဖို့ မရှိမဖြစ် လိုအပ်တဲ့ ဥစ္စာပဲ ဖြစ်ပါတယ်။

   Webradio