![]() |
|
|
||||||
![]() |
![]() |
![]() |
|||||||||||||
![]() |
|||||||||||||
![]() |
|||||||||||||
|
|||||||||||||
![]() |
|||||||||||||
![]() |
ရှီကျင့်ဖိန်က ဟိုနန် ကိုယ်စားလှယ်အဖွဲ့ရဲ့ စိစစ် ဆွေးနွေးပွဲမှာ ပါဝင်ရာမှာ၊ ကျေးလက် တောရွာ ရှင်သန်မှု ဖေါ်ဆောင်လိုပါက၊ မိဘတွေ မြို့ပေါ်တက်ပြီး အလုပ် လုပ်နေတာကြောင့် ကျေးလက်မှာ ချန်ထားတဲ့ ကလေးငယ်များ၊ အမျိုးသမီးများနဲ့ သက်ကြီး ရွယ်အိုများအား ပြုစုစောင့်ရှောက်ရေး ဝန်ဆောင်မှု စနစ် ပြည့်စုံ ကောင်းမွန်လာအောင် ဆောင်ရွက်ရမှာ ဖြစ်ကြောင်း ပြောကြားပါတယ်။
ရှီကျင့်ဖိန်က၊ ကျေးလက်တောရွာ ရှင်သန်ရေးကို ဖေါ်ဆောင်လိုပါက၊ မြို့ပြနေသူနဲ့ ကျေးလက်နေသူများရဲ့ အခြေခံ သက်ကြီးရွယ်အို အာမခံစနစ်နဲ့ အခြေခံ ဆေးဝါး ကုသရေး စနစ်၊ ပြင်းထန်တဲ့ရောဂါဆိုင်ရာ အာမခံစနစ်နဲ့ အနည်းဆုံးဝင်ငွေ ဆိုင်ရာ အာမခံ စနစ်တွေကို ပြည့်စုံ ကောင်းမွန်လာအောင် ဆောင်ရွက်ရမှာ ဖြစ်ကြောင်း မှာကြားခဲ့ပါတယ်။