• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်နိုင်ငံဟာ မြစိမ်းရောင် ဖွံ့ဖြိုးရေး အမြင်ကို စွဲကိုင် ရတယ်လို့ ရှီကျင့်ဖိန် ဆို

(GMT+08:00) 2019-03-09 15:52:32

    ဂေဟစနစ် ထိန်းသိမ်းခြင်းကို ဦးစားပေးရေးနဲ့ မြစိမ်းရောင် ဖွံ့ဖြိုး တိုးတက်ရေးဟာ တရုတ်နိုင်ငံက အရည်အသွေး မြင့်မားစွာ ဖွံ့ဖြိုးတိုးတက်မှု တွန်းအားပေးရေးဆိုင်ရာ လမ်းကြောင်းသစ် ဖြစ်တယ်။

၂၀၁၈ ခုနှစ်ကစပြီး တရုတ်နိုင်ငံမှာ သုံးနှစ်တာ ကျေးလက် လူမှု ပတ်ဝန်းကျင် ပြုပြင်ရေး လုပ်ငန်းကို ဆောင်ရွက်နေခဲ့ပါတယ်။ ဒါနဲ့ ပတ်သက်ပြီး ရှီကျင့်ဖိန်က၊ အဲဒီ လုပ်ငန်းကို ထိထိရောက်ရောက် တွန်းအားပေးရမှာ ဖြစ်ပြီး၊ လယ်ယာစိုက်ပျိုးရေး ဂေဟ စနစ် ထိန်းသိမ်းရေးနဲ့ ကျေးလက်ဒေသ ပတ်ဝန်းကျင် ညစ်ညမ်းမှု ပြုပြင်ရေးလုပ်ငန်းကို အားဖြည့် ဆောင်ရွက်ရမှာ ဖြစ်ကြောင်း၊ လယ်ယာထွက်ကုန် ထုတ်လုပ်ရေး နေရာမှာ ပတ်ဝန်းကျင် တိုင်းတာရေး ကွန်ရက် ပြီးပြည့်စုံအောင် ဆောင်ရွက်ရမှာ ဖြစ်ကြောင်း၊ ဒီလိုနဲ့ ပြည်သူပြည်သားများ လုံခြုံအားထားရသော သီးနှံများ စားနိုင်ဖို့ အာမခံ ပေးရမှာ ဖြစ်ကြောင်း မှာကြားခဲ့ပါတယ်။

   Webradio