• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ထွန်ယက်မြေကို စွဲစွဲမြဲမြဲ စောင့်ထိန်းရတယ်လို့ ရှီကျင့်ဖိန် ဆို

(GMT+08:00) 2019-03-09 15:51:49
 တရုတ်နိုင်ငံဟာ စီးပွါးရေး လူမှုရေး ဖွံ့ဖြိုးမှု အခြေအနေနဲ့ လူဦးရေး အခြေအနေ အရ ဟက်တာ သန်း ၁၂၀ မြေယာကို နိုင်ငံတော် စားနပ်ရိက္ခာ လုံခြုံဖူလုံမှုကို အာမခံ ပေးဖို့ အနည်းဆုံး ဧရိယာအဖြစ် သတ်မှတ်ထားပါတယ်။ ဒီလ ၈ ရက်နေ့က တရုတ် ခေါင်းဆောင် ရှီကျင့်ဖိန်က၊ ထွန်ယက်မြေဆိုင်ရာ အထက်ပါ သတ်မှတ်ချက်ကို စွဲစွဲမြဲမြဲ ထိထိရောက်ရောက် စောင့်ထိန်းရမှာ ဖြစ်ပြီး၊ အရေးကြီး လယ်ယာထွက်ကုန် အထူးသဖြင့် စားနပ်ရိက္ခာ ဖြန့်ဖြူးမှုကို အာမခံပေးရမှာ ဖြစ်ကြောင်း၊ အဲဒါဟာ တရုတ် ကွန်မြူနစ်ပါတီ ၁၉ ကြိမ်မြောက် ပြည်လုံးဆိုင်ရာ ကိုယ်စားလှယ်များ ညီလာခံမှာ ကျေးလက်တောရွာ ရှင်သန်ရေး မဟာဗျူဟာဆိုင်ရာ အဓိက အကျဆုံးသော လုပ်ငန်းတာဝန် ဖြစ်ကြောင်း ထပ်လောင်း အလေးအနက် ပြောကြားပါတယ်။
   Webradio