• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

အမျိုးသမီးများအား အမျိုးသမီးနေ့ ဂုဏ်ပြုကြောင်း ရှီကျင့်ဖိန်ဖော်ပြ

(GMT+08:00) 2019-03-09 15:50:56

                                      

ဒီနေ့ဟာ မတ်လ ၈ ရက်နေ့ နိုင်ငံတကာ အမျိုးသမီးများနေ့ ဖြစ်ပါတယ်။ ဥက္ကဋ္ဌ ရှီကျင့်ဖိန်က ၁၃ ကြိမ်မြောက် တရုတ် ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် ဒုတိယ အကြိမ် အစည်းအဝေးရဲ့ ဟိုနန်ပြည်နယ် ကိုယ်စားလှယ်အဖွဲ့ရဲ့ စိစစ်ဆွေးနွေးပွဲမှာ ပါဝင်ခဲ့စဉ်မှာ၊ ရှေးဦးစွာ ပြည်သူ့ကွန်ဂရက် အမျိုးသမီး ကိုယ်စားလှယ်များ၊ ပြည်သူ့ နိုင်ငံရေး အတိုင်ပင်ခံကွန်ဖရင့် ပြည်လုံးဆိုင်ရာ ကော်မတီ အမျိုးသမီး ကော်မတီဝင်များ၊ အမျိုးသမီး ဝန်ထမ်းများနဲ့ တရုတ် အမျိုးသမီး တစ်ရပ်လုံးအား ပွဲတော် နှုတ်ခွန်းဆက်သ လိုက်ပါတယ်။

ရှီကျင့်ဖိန်ဟာ ယနေ့ တရုတ်ပြည်မှာ အမျိုးသမီးတိုင်း ဘဝ ရသမြောက်ဖို့နဲ့ အိပ်မက် ဖေါ်ဆောင်ဖို့ အခွင့်အလမ်း ခံစားစေရမယ်လို့ အကြိမ်ကြိမ် ပြောခဲ့ဖူးတယ်။

ပြီးခဲ့တဲ့နှစ်များအတွင်း တရုတ်နိုင်ငံမှာ နိုင်ငံရေး ပါဝင်ဆင်နွှဲတဲ့ အမျိုးသမီး တစ်နေ့ထက် တစ်နေ့ များလာပါတယ်။ ဒီအကြိမ် ပြည်လုံးဆိုင်ရာ ပြည်သူ့ ကွန်ဂရက် အစည်းအဝေး တက်ရောက်နေတဲ့ ကိုယ်စားလှယ်များထဲမှာ အမျိုးသမီး ကိုယ်စားလှယ် ဦးရေဟာ ၄ ပုံ ၁ ပုံ လောက် ရှိပါတယ်။ သက်ဆိုင်ရာစာရင်းအရ၊ ၂၀၁၇ ခုနှစ်မှာ တရုတ် လုပ်ငန်းကုမ္ပဏီများရဲ့ ဒါရိုက်တာများအဖွဲ့တွေထဲမှာ ၃၉့ ၇ ရာခိုင်နှုန်းဟာ အမျိုးသမီး ဒါရိုက်တာတွေ ဖြစ်တယ်လို့ သိရပါတယ်။

 

   Webradio