• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ် အစိုးရ လုပ်ငန်း အစီရင်ခံစာပါ ဆန်းသစ်တီထွင်မှု ဆိုင်ရာ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ခြင်း တိုးချဲ့ရေးနှင့် ပတ်သက်သော အချက်အလက်များကို အီတလီ ပညာရှင် ချီးကျူး

(GMT+08:00) 2019-03-09 11:22:56

    တရုတ် နိုင်ငံတော် ကောင်စီ ဝန်ကြီးချုပ် လီခေ့ချန်က ယခုလ ၅ရက်နေ့က အစိုးရ လုပ်ငန်း အစီရင်ခံစာကို အစီရင်ခံရာတွင် ဆန်းသစ်တီထွင်မှု ဆိုင်ရာ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုကို တိုးချဲ့ပြုလုပ်မည် ဖြစ်ကြောင်း ဖော်ပြသည်။ အီတလီ ပါဒိုဗာ တက္ကသိုလ် ဆက်သွယ်ရေး အင်ဂျင်နီယာ ကောလိပ် ဂုဏ်ထူးဆောင် ပါမောက္ခ၊ ပါဒိုဗာ တက္ကသိုလ် ကွန်ဖျူးရှပ် တရုတ် ဘာသာစကားသင်ကျောင်း အီတလီဘက်မှ ကျောင်းအုပ်ကြီး ဂျီအိုဂျီအို ပီချီက စီအာအိုင် သတင်းထောက်နှင့် တွေ့ဆုံရာတွင် အီတီလီ သိပ္ပံသုတေသနပြုရေး လုပ်ငန်းနယ်ပယ်မှ ပုဂ္ဂိုလ်များသည် ၄င်းဖော်ပြချက် အပေါ် ကြိုဆိုကြောင်း၊ အနာဂတ်တွင် ကွန်ဖျူးရှပ် တရုတ် ဘာသာစကားသင်ကျောင်းသည် နှစ်နိုင်ငံ သိပ္ပံသုတေသနပြုရေး ကူးလူးဖလှယ်မှု အတွက် ပလက်ဖောင်း တစ်ခု ဖြစ်နိုင်မည် ဟု ပြောကြားကြောင်း သိရသည်။

   Webradio