• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ကိုးရီးယားကျွန်းဆွယ်အခြေအနေနှင့်ပတ်သက်ပြီး ဆွေးနွေးပွဲ ဆက်လက်ပြုလုပ်ပြီး ဦးတည်ချက် ပြောင်းလဲမည်မဟုတ်ဟု ဝမ်ယိဆို

(GMT+08:00) 2019-03-08 14:54:46

        တရုတ်နိုင်ငံတော်ကောင်စီဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက မြောက်ကိုးရီးယား-အမေရိကန် ထိပ်သီးခေါင်းဆောင်များတွေ့ဆုံပွဲကို မကြာခင်ရက်များက ပြီးစီးခဲ့ကြောင်း၊ ယင်းတွေ့ဆုံပွဲသည် ကိုးရီးယားကျွန်းဆွယ် နျူကလီးယားပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန်အတွက် အရေးကြီးသော ခြေလှမ်း တစ်လှမ်း ပင် ဖြစ်ကြောင်း၊ နှစ်ဦးနှစ်ဖက်တို့အနေနှင့် အခက်အခဲများကို ကျော်လွန်ပြီး ပြန်လည်တွေ့ဆုံကာ အမြင်ချင်း ပွင့်ပွင့်လင်းလင်း ကူးလူးဖလှယ်ခဲ့ခြင်းသည် အပြုသဘော ဆောင်သော တိုးတက်မှုဖြစ်ပြီး ချီးကျူးသင့်ကြောင်း၊ မြောက်ကိုးရီးယားနှင့် အမေရိကန် နှစ်ဖက်တို့အနေနှင့် စိတ်ရှည်လက်ရှည်ထားပြီး ကိုးရီးယားကျွန်းဆွယ် နျူကလီးယား ကင်းမဲ့စေရေး၊ ကိုးရီးယားကျွန်းဆွယ် ငြိမ်းချမ်းရေးစနစ် ထူထောင်ရေး ဖြစ်သော ဦးတည်ချက်အမှန်အတိုင်း ဆက်လက် လျှောက်လှမ်းရန် နိုင်ငံတကာ မိသားစုကြီးက တွန်းအားပေးရမည်ဖြစ်ကြောင်း ယခုလ ၈ ရက်နေ့က ၁၃ ကြိမ်မြောက် ပြည်လုံးဆိုင်ရာ ပြည်သူ့ ကွန်ဂရက် ဒုတိယအကြိမ် အစည်းအဝေး သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်ဟု စီအာအိုင် သတင်းအရ သိရပါသည်။ 

   Webradio