• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ရှီကျင့်ဖိန်၏ နိုင်ငံခြားရေး အတွေးအခေါ်သည် ခေတ်သစ်တွင် တရုတ်နိုင်ငံခြားရေးအတွက် လမ်းညွှန်ပေးဟု ဝမ်ယိဆို

(GMT+08:00) 2019-03-08 14:53:17

        တရုတ်နိုင်ငံတော်ကောင်စီဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက ၂၀၁၈ခုနှစ် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံခြားရေးရာ လုပ်ငန်းအစည်းအဝေးတွင် ရှီကျင့်ဖိန်၏ နိုင်ငံခြားရေး အတွေးအခေါ်များကို လမ်းညွှန်မှုအဖြစ် သတ်မှတ်ထားကြောင်း၊ ယင်းသည် တရုတ်ပြည်၏ နိုင်ငံခြားရေး သဘောတရား၏ သမိုင်းဝင် အောင်ကျိုးရလဒ်ဖြစ်ပြီး ခေတ်သစ်သို့ ရောက်ရှိလာသော တရုတ်နိုင်ငံခြားရေးအတွက် လမ်းညွှန်ပေးကာ ခုခေတ် ကမ္ဘာပေါ်က ရှုပ်ထွေးသော ပြဿနာများကို ဖြေရှင်းရန်အတွက် ဦးတည်ချက် ပြသကြောင်း ယခုလ ၈ ရက်နေ့က ၁၃ ကြိမ်မြောက် ပြည်လုံးဆိုင်ရာ ပြည်သူ့ ကွန်ဂရက် ဒုတိယအကြိမ် အစည်းအဝေး သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်ဟု စီအာအိုင် သတင်းအရ သိရပါသည်။

   Webradio