• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

မတ်လ ၈ ရက်နေ့ နိုင်ငံတကာအမျိုးသမီးများနေ့ ပြည်တွင်းပြည်ပအမျိုးသမီးများဧည့်ခံပွဲကို ပေကျင်း၌ ကျင်းပ

(GMT+08:00) 2019-03-08 10:46:24

   ယမန်နေ့ ၇ ရက်နေ့က မတ်လ ၈ ရက် နိုင်ငံတကာအမျိုးသမီးများနေ့ကို အထိမ်းအမှတ် ပြုသည့် ပြည်တွင်းပြည်ပအမျိုးသမီးများဧည့်ခံပွဲကို ပေကျင်း၌ ခမ်းနားသိုက်မြိုက်စွာ ကျင်းပ ခဲ့သည်ဟု ဆင်ဟွာသတင်းအရသိရသည်။

တရုတ်ပြည်လုံးဆိုင်ရာပြည်သူ့ကွန်ဂရက် အမျိုးသမီးကိုယ်စားလှယ်များ၊ တရုတ်ပြည်သူ့နိုင်ငံရေးအတိုင်ပင်ခံကွန်ဖရင့် ပြည်လုံးဆိုင်ရာကော်မတီမှ အမျိုးသမီးကော်မတီဝင်များ၊ ထူးချွန်သောအမျိုးသမီးများနှင့် တရုတ်နိုင်ငံဆိုင်ရာ နိုင်ငံခြား သံအမတ်ကြီး၊ သံတမန်အရာရှိများ၏ဇနီးများ၊ အမျိုးသမီး နိုင်ငံခြားရေးအရာရှိများ၊ တရုတ်နိုင်ငံဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်းမှ ကိုယ်စားလှယ်များ၊ တရုတ်ပြည်တွင် အလုပ်လုပ်ကိုင်နေသော အမျိုးသမီးပညာရှင်များ စုစုပေါင်း ၁၀၀၀ ခန့်တို့သည် ဧည့်ခံပွဲသို့ တက်ရောက်ခဲ့ကြသည်ဟု သိရသည်။

   Webradio