• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်ပြည် စီးပွါးကုန်သွယ်ရေး ပတ်ဝန်းကျင် နောက်ထပ်တစ်ကြိမ် အဆင့်မြှင့်တင်

(GMT+08:00) 2019-03-08 09:46:27

တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် အစည်းအဝေးမှာ စိစစ်ဖို့ တရုတ်အစိုးရ တင်သွင်းတဲ့ လုပ်ငန်း အစီရင်ခံစာမှာ၊ "ဈေးကွက် ပင်မ ရှင်သန်စွမ်းအား တွန်းအား ပေးပြီး စီးပွါးကုန်သွယ်ရေး ပတ်ဝန်းကျင် ပိုမို ကောင်းမွန်လာအောင် အားဖြည့် ဆောင်ရွက်ခြင်း"ကို အစိုးရရဲ့ အဓိက တာဝန်ကြီး ဆယ်ရပ် ထဲမှာ တစ်ခုအပါအဝင် အဖြစ် သတ်မှတ်ထားပါတယ်။ နိုင်ငံတကာ စီးပွါးကုန်သွယ်ရေး ဆက်ဆံမှု ရှုပ်ထွေးပွေလီ ဖြစ်နေပြီး၊ တရုတ်ပြည်ရဲ့ စီးပွါးရေးဟာ အရည်အသွေး မြင့်မားစွာ ဖွံ့ဖြိုးတိုးတက်ရေးသို့ ပြောင်းလဲ နေတဲ့ ခုလို အချိန်အခါမှာ၊ စီးပွါးကုန်သွယ်ရေး ပတ်ဝန်းကျင် ဆက်တိုက် ကောင်းမွန် တိုးတက် လာအောင် ဆောင်ရွက်ပေးခြင်းဟာ၊ တရုတ်ပြည်ရဲ့ စီးပွါးရေး ရှင်သန်မှုနဲ့ ယှဉ်ပြိုင်စွမ်းအား တိုးမြှင့်ရေးအတွက် အကျိုးရှိရုံသာမက၊ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံသူများ အဖို့လည်း သတင်းကောင်း တစ်ရပ်ပဲ ဖြစ်ပါတယ်။

စီးပွါးကုန်သွယ်ရေး ပတ်ဝန်းကျင်မှာ တရားမျှတစွာ ယှဉ်ပြိုင်တဲ့ ဈေးကွက် ပတ်ဝန်းကျင်၊ အလုပ်တွင်ကျယ်ထိရောက်ပြီး လုပ်နည်းလုပ်ဟန် သန့်စင်တဲ့ စီမံခန့်ခွဲရေး ပတ်ဝန်းကျင်၊ ပွင့်လင်းပြီး တရားမျှတတဲ့ တရားဥပဒေ ပတ်ဝန်းကျင်နဲ့ ပွင့်လင်းပြီး သက်ညှာ ထောက်ထားတဲ့ လူမှု ယဉ်ကျေးမှု ပတ်ဝန်းကျင် ဘက် လေးဘက် ပါဝင်ထားပါတယ်။ ကမ္ဘာ့ဘဏ်မှ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလက ထုတ်ပြန်တဲ့ စီးပွါး ကုန်သွယ်ရေး ပတ်ဝန်းကျင် အစီရင်ခံစာထဲမှာ တရုတ်ပြည်ရဲ့ တစ်ကမ္ဘာလုံးမှာ အမည်စာရင်း တည်ရှိရာနေရာကို အရင်တုန်းက ၇၈ နေရာ ရှိတာကနေ ၄၆ နေရာသို့ မြှင့်တင် ပေးပြီး တရုတ်ပြည်ရဲ့ သက်ဆိုင်ရာ နယ်ပယ်များမှာ ပြုပြင်ပြောင်းလဲမှုဟာ အထူး မြန်ဆန် ထိရောက်တယ်လို့လည်း ဖေါ်ပြခဲ့ပါတယ်။

ဒီနှစ်မှာ တရုတ်အစိုးရဟာ လွတ်လပ်သောကုန်သွယ်ရေး စမ်းသပ်ဇုန်များအား ပိုမို ချောင်လည်တဲ့ ပြုပြင်ပြောင်းလဲရေးနဲ့ ဆန်းသစ်တီထွင်ရေးဆိုင်ရာ ကိုယ်ပိုင် ဆုံးဖြတ်ခွင့်ကို ပေးအပ်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် နိုင်ငံတော်အဆင့် စီးပွါးရေးနဲ့ နည်းပညာ ဖွံ့ဖြိုးရေးဇုန်၊ အဆင့်မြင့် နည်းပညာ ကုန်ထုတ်လုပ်မှုဇုန်များမှာ လွတ်လပ်စွာ ကုန်သွယ်ရေး စမ်းသပ်ဇုန်ဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ဖို့လည်း ထောက်ခံသွားမှာ ဖြစ်ပါတယ်။ အဲဒီ ဆောင်ရွက်မှုတွေဟာ  စီးပွါးကုန်သွယ်ရေး ပတ်ဝန်းကျင်ကို တစ်ဆင့်တိုး အဆင့်မြှင့်တင် ပေးမှာ ဖြစ်ပြီး နိုင်ငံခြား ငွေရင်းမြှုပ်နှံမှု အပါအဝင် ဈေးကွက် ရှင်သန်မှုနဲ့ ဆန်းသစ် စွမ်းအားကိုလည်း အဆင့်မြှင့်တင်ပေးမှာ ဖြစ်ပါတယ်။ (ကျော့)

   Webradio