• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

အခွန် လျှော့ချခြင်းသည် ယခုနှစ် တက်ကြွသော ဘဏ္ဍာရေး မူဝါဒဆိုင်ရာ အရေး အကြီးဆုံး ကိစ္စ ဖြစ်သည်ဟု ဘဏ္ဍာရေး ဝန်ကြီး ဆို

(GMT+08:00) 2019-03-08 09:45:08

တရုတ် ဘဏ္ဍာရေး ဝန်ကြီး လျူခွင်းက၊ ယခုနှစ်တွင် တရုတ်နိုင်ငံ ကျင့်သုံးနေသော တက်ကြွသော ဘဏ္ဍာရေး မူဝါဒကို ပိုမို ထိရောက်စွာ ဖေါ်ဆောင်သွားမည် ဖြစ်ကြောင်း၊ အခွန် လျှော့ချရေးကို အတိုင်းအတာ ကြီးကျယ်စွာ အကောင်အထည် ဖေါ်ဆောင်သည့် တစ်ချိန်တည်းတွင်၊ ဘဏ္ဍရေး သုံးငွေ အတိုင်းအတာကိုလည်း အသင့်အတင့် တိုးချဲ့သွားမည် ဖြစ်ပြီး အဓိက လုပ်ငန်းနယ်ပယ်နှင့် သော့ချက်ကျ နယ်ပယ်များ၌ ငွေရင်းများ အားဖြည့် တိုးပေးမည် ဖြစ်ကြောင်း ယခုလ ၇ ရက်နေ့က ပြောကြားပါသည်။

လျူခွင်းက၊ ယခုနှစ်တွင် ကုန်ထုတ်လုပ်မှု အပါအဝင် လုပ်ငန်းနယ်ပယ်များ၏ အခွန် ကောက်နှုန်းကို လက်ရှိ ၁၆ ရာခိုင်နှုန်းကနေ ၁၃ ရာခိုင်းနှုန်းသို့ လျှော့ချမည် ဖြစ်ကြောင်း၊ လမ်းပန်းဆက်သွယ်ရေး၊ ပို့ဆောင်ရေး၊ ဆောက်လုပ်ရေး စသည့် လုပ်ငန်းနယ်ပယ်များ၏ အခွန် ကောက်နှုန်းကို လက်ရှိ ၁၀ ရာခိုင်နှုန်းကနေ ၉ ရာခိုင်နှုန်းသို့ လျှော့ချမည် ဖြစ်ကြောင်း ရှင်းလင်း ပြောကြားပါသည်။ (ကျော့)

   Webradio