• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်နိုင်ငံရဲ့ဆင်းရဲမှုပပျောက်ရေးလုပ်ငန်းအကုန်လုံး အောင်မြင်မှုမရနိုင်ရင် ရုပ်သိမ်းမှာမဟုတ်ဟု ရှီကျင့်ဖိန်ဆို

(GMT+08:00) 2019-03-08 09:17:53

      ကန်စုပြည်နယ်ဟာ တရုတ်နိုင်ငံ ဆင်းရဲတဲ့ပြည်နယ်ကြီးတစ်ပြည်နယ်ဖြစ်တယ်။ ဒီမှာ ဆင်းရဲသူဦးရေများပြားပြီး သဘာဝအခြေအနေတော်တော်ညံ့ကာ ဆင်းရဲမှုပပျောက်ဖို့ တော်တော် ခက်ခဲပါတယ်။ ရှီကျင့်ဖိန်ဟာ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးတာဝန်ကို ထမ်းဆောင်ပြီးနောက် ပထမ တရုတ်နှစ်သစ် မတိုင်ခင် ကန်စုပြည်နယ်က ရွာကလေး တစ်ရွာမှာ ရှိတဲ့ အဆင်းရဲဆုံး တောင်သူလယ်သမားတွေကို အထူးသလည် သွားရောက်ကြည့်ရှုခဲ့တယ်။

 ဒီလ ၇ ရက်နေ့ ညနေပိုင်းက ရှီကျင့်ဖိန်ဟာ တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် ကန်စုပြည်နယ်ကိုယ်စားလှယ်အဖွဲ့ စိစစ်ဆွေးနွေးပွဲမှာ ပါဝင်ခဲ့တယ်။ ဆင်းရဲမှုပပျောက်ရေးဟာ ယင်းနိုင်ငံတော်အမြင့်ဆုံးခေါင်းဆောင် ဖြစ်သူနဲ့ အခြေခံ ပြည်သူ့ကိုယ်စားလှယ်တို့ အဓိက ဆွေးနွေးတဲ့ ကိစ္စဖြစ်သွားပါတယ်။

       ပြီးခဲ့တဲ့နှစ်များအတွင်း ကန်စုပြည်နယ်က ဆင်းရဲသူဦးရေကို ၂၀၁၆ ခုနှစ်က ၂သန်း ၅ သိန်း ၆ သောင်း ရှိတာကနေ ၁သန်းကျော် သို့ လျှော့ချခဲ့ပြီး ဆင်းရဲသူ ပျမ်းမျှ ဝင်ငွေမှာ ၅၃၉၀ သို့ တိုးလာပါတယ်။ ဒီအလုပ်တွေ လုပ်တာကောင်းတယ်လို့ ရှီကျင့်ဖိန်က ပြောကြားတယ်။ ရှီကျင့်ဖိန်က အခုဆိုရင် ၂၀၂၀ပြည့်နှစ် ဆင်းရဲမှုပပျောက်ရေး မှန်းတိုင်ကို အကောင်အထည်ဖေါ်ဖို့ ၂ နှစ်ပဲ ကျန်တော့တယ်။ သော့ချက်ကျအချိန် ဖြစ်တယ်။ ဒီအလုပ်ကို စွဲစွဲမြဲမြဲ လုပ်ဆောင်ရမယ်၊ အောင်မြင်မှု အာကုန်လုံး မရရင် ရုပ်သိမ်းမှာမဟုတ်ဘူးလို့ ပြောကြားတယ်။

       ရှီကျင့်ဖိန်ရဲ့အမြင်အရ ဆင်းရဲမှုပပျောက်တဲ့ စံချိန်စံနှုန်းဟာ ဆင်းရဲသူများ အစားအသောက်၊ အဝတ်အစား လုံလောက်ပြီး အခမဲ့ပညာသင်ရေး၊ အခြေခံဆေးဝါးကုသရေး၊ နေအိမ် စတဲ့ဘက်အရပ်ရပ်က လုံခြုံရေးတို့ကို အာမခံပေးနိုင်တာပဲဖြစ်တယ်။

      ဆင်းရဲမှုပပျောက်ရေး ဦးတည်ချက်ကို စွဲကိုင်ပြီး ဆင်းရဲမှုပပျောက်ရေးအောင်မြင်မှု များဟာ သမိုင်း သံခဲတင်မှုကို ခံနိုင်ဖို့ အာမခံရမယ်လို့ ရှီကျင့်ဖိန်က ကန်စုပြည်နယ်က တရုတ်ပြည်သူ့ကွန်ဂရက် ကိုယ်စားလှယ်တွေကို ပြောကြားတယ်။

         တင့်ရှီဟာ ကန်စုပြည်နယ် ဆင်းရဲသူဦးရေအများပြားဆုံး၊ ဆင်းရဲမှု ပပျောက်ရေးလုပ်ငန်း အခက်ခဲဆုံး ဒေသ ဖြစ်တယ်။ ၂၀၁၃ ခုနှစ် တရုတ် ရိုးရာ နှစ်သစ် မတိုင်ခင် ရှီကျင့်ဖိန်ဟာ တင့်ရှီ ဆင်းရဲတဲ့ ကျေးရွာကို သွားရောက်ပြီး ဒေသခံပြည်သူပြည်သားများကို အားပေးကြည့်ရှုခဲ့ပါတယ်။ အစိုးရလုပ်ငန်းအစီရင်ခံစာကို စိစစ်ရာမှာ တရုတ်ကွန်မြူနစ်ပါတီ တင့်ရှီမြို့ကော်မတီ အတွင်းရေးမှူး ထန်ရှောင်မင်က ပြီးခဲ့တဲ့ ၆ နှစ်အတွင်း တင့်ရှီမြို့က ဆင်းရဲသူဦးရေ ၆ သိန်းကျော် ကို လျှော့ချခဲ့ပြီး ဥက္ကဋ္ဌရှီကျင့်ဖိန် ထိုနှစ်က သွားရောက်ခဲ့တဲ့ ယွမ်ကူတွေရွာဟာ မနှစ်က တစ်ရွာလုံး ဆင်းရဲမှု ပပျောက်ခဲ့တယ်လို့ ရှီကျင့်ဖိန်ကို ပြောကြားတယ်။

   Webradio