![]() |
|
|
||||||
![]() |
![]() |
![]() |
|||||||||||||
![]() |
|||||||||||||
![]() |
|||||||||||||
|
|||||||||||||
![]() |
|||||||||||||
![]() |
တရုတ် နိုင်ငံတော် ကောင်စီ ဆင်းရဲမှု ပပျောက်စေရေးနှင့် ဖွံ့ဖြိုးရေး ဦးဆောင်အဖွဲ့ရုံး ဥက္ကဋ္ဌ လျူယုံဖူက လွန်ခဲ့သည့် ၆နှစ် အတွင်း တရုတ်ပြည်သည် တိကျမှန်ကန်သော ဆင်းရဲမှု ပပျောက်စေရေး ဆောင်ရွက်ချက်များကို ပြုလုပ်သောကြောင့် ဆင်းရဲသူ ဦးရေမှာ ၂၀၁၂ခုနှစ်က ၉၈သန်း၉သိန်း၉သောင်းရှိရာမှ ၂၀၁၈ခုနှစ်က ၁၆သန်း၆သိန်း အထိ လျော့နည်းပြီး ဆင်းရဲသူ ဦးရေ သန်၈၀ကျော် လျော့နည်းသွားကြောင်း၊ ၂၀၁၉ခုနှစ်တွင် တရုတ်ပြည်သည် ဆင်းရဲသူ ဦးရေကို ၁၀သန်း နောက်ထပ် လျှော့ချရန် ကြိုးပမ်း ဆောင်ရွက်မည် ဖြစ်ကြောင်း ယခုလ ၇ရက်နေ့က ပီကင်းတွင် ပြောကြားသည်ဟု စီအာအိုင် သတင်းအရ သိရသည်။
ထို့အပြင်၊ ၄င်းက တရုတ်ပြည်သည် ကမ္ဘာပေါ်တွင် အကြီးဆုံး ဖွံ့ဖြိုးဆဲ နိုင်ငံ ဖြစ်၍ ဆင်းရဲမှု ပပျောက်စေရေး လုပ်ငန်းကို ရေရှည် ဆောင်ရွက်ရန် လိုအပ်သော လုပ်ငန်း တစ်ရပ် ဖြစ်ကြောင်းလည်း ပြောကြားသည်။