• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်နိုင်ငံ၏ လိုငွေပြမှု ဆိုင်ရာ စီမံချက်သည် အပြုသဘောဆောင်ပြီး သင့်တော်သည်ဟု တရုတ် ဘဏ္ဍာရေး ဝန်ကြီး ဆို

(GMT+08:00) 2019-03-07 11:43:43

တရုတ် ဘဏ္ဍာရေး ဝန်ကြီး လျူခွင်းက၊ ယခုနှစ် တရုတ်ပြည်၏ ဘဏ္ဍာရေး လိုငွေပြမှု ဆိုင်ရာ စီမံချက်သည် အပြုသဘောဆောင်ပြီး သင့်တော်သည် ဖြစ်ကြောင်း၊ ယင်းစီမံချက်တွင် ဘဏ္ဍာရေး ဝင်ငွေ သုံးငွေ၊ သီးသန့် ငွေးချေးလက်မှတ် စသည့် အကြောင်းရပ်များကို ထည့်သွင်း စဉ်းစား ထားပြီး အနာဂတ် မက္ကရို စီးပွါးရေး ထိန်းချုပ်ရေး အတွက်လည်း မူဝါဒအရ ပတ်ဝန်းကျင် အပိုအမို ဖန်တီးပေးမည် ဖြစ်ကြောင်း ယခုလ ၇ ရက်နေ့က ပီကင်း၌ ပြောကြားခဲ့ပါသည်။

တရုတ် ဝန်ကြီးချုပ် လီခေ့ချန်၏ အစိုးရလုပ်ငန်း အစီရင်ခံစာတွင်၊ ၂၀၁၉ ခုနှစ်တွင် လိုငွေပြမှုနှုန်းကို ၂့ ၈ ရာခိုင်နှုန်း အဖြစ် စီစဉ်ထားပြီး လွန်ခဲ့သည့်နှစ် ဘတ်ဂျက်ထက် ၀့ ၂ ရာခိုင်နှုန်း တိုးမြင့်လာကြောင်း ဖေါ်ပြထားပါသည်။ (ကျော့)

   Webradio