• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

လွန်ခဲ့သည့် ၃ နှစ်အတွင်း ရှီးဇန့်ဒေသ၌ လူ ၂၁၀၀၀၀ ဆင်းရဲမွဲတေမှု ပပျောက်

(GMT+08:00) 2019-03-07 10:49:22

        ၂၀၁၆ခုနှစ်မှ ၂၀၁၈ခုနှစ်အထိ ရှီးဇန့်ဒေသ၌ ရင်းနှီးငွေ ၂၈့၆၉၂ ဘီလီယံဖြင့် ဆင်းရဲမွဲတေမှု ပပျောက်ရေးလုပ်ငန်းရပ် ၂၂၆၃ခုကို စတင် ပြုလုပ်ခဲ့ရာ ၄င်းအနက် လုပ်ငန်းရပ် ၁၄၉၃ ခုကို အပြီး ဆောင်ရွက်နိုင်ခဲ့ပြီး မှတ်တမ်းတင် ဆင်းရဲသူ ၂၁၀၀၀၀ကို ဆင်းရဲမွဲတေမှုပပျောက်စေခဲ့ကြောင်း ဆင်ဟွာသတင်းအရ သိရပါသည်။

        ၂၀၁၉ခုနှစ်တွင် ရှီးဇန့်ပြည်နယ်၌ လုန်းငန်းရပ်များ၊ အလုပ်အကိုင် နေရာချထားရေးအပါအဝင် ဆင်းရဲမွဲတေမှု ပပျောက်ရေးဆောင်ရွက်မှုများကို ပြုလုပ်ပြီး ရှီးဇန့်ဒေသ၌ ကျန်ရှိသော ဆင်းရဲသူ ၁၅၀၀၀၀ ကို အလုံးစုံ ဆင်းရဲမွဲတေမှု ပပျောက်စေမည်ဖြစ်ကြောင်း သတင်းအရ သိရပါသည်။

   Webradio