• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်နိုင်ငံသည် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုအတွက် ပိုမိုကောင်းမွန်သော စီးပွါးကုန်သွယ်ရေး ပတ်ဝန်းကျင်ကို ဖန်တီးပေးမည်

(GMT+08:00) 2019-03-07 10:01:03

   တရုတ်နိုင်ငံတော် ဖွံ့ဖြိုးရေးနှင့် ပြုပြင်ပြောင်းလဲရေးကော်မရှင်မှ တာဝန်ရှိ ပုဂ္ဂိုလ် တစ်ဦးက၊ ၂၀၁၉ ခုနှစ်တွင် တရုတ်ပြည် စီးပွါးရေးသည် ဆက်လက် မှန်မှန် တိုးတက်မည် ဖြစ်ကြောင်း၊ နိုင်ငံခြား လုပ်ငန်းရှင်များ ဈေးကွက် ဝင်ခွင့် ပြုရေးဆိုင်ရာ Negative List စာရင်းဇယားကို တစ်ဆင့်တိုး လျှော့ချမည် ဖြစ်ပြီး နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုအတွက် ပိုမိုကောင်းမွန်သော စီးပွါးကုန်သွယ်ရေး ပတ်ဝန်းကျင်ကို ဖန်တီးပေးမည် ဖြစ်ကြောင်း ယခုလ ၆ ရက်နေ့က ပီကင်း၌ ပြောကြားပါသည်။

၁၃ ကြိမ်မြောက် တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် ဒုတိယ အကြိမ် အစည်းအဝေး၏ သတင်းစင်တာတွင် ယခုလ ၆ ရက်နေ့က သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခဲ့ကြောင်း၊ ယင်းသတင်းစာရှင်းလင်းပွဲတွင် တရုတ်နိုင်ငံတော် ဖွံ့ဖြိုးရေးနှင့် ပြုပြင် ပြောင်းလဲရေးကော်မရှင်မှ တာဝန်ရှိပုဂ္ဂိုလ်များသည် စီးပွါးရေး အရည်အသွေး မြင့်မားစွာ တွန်းအားပေးရေးနှင့် ပတ်သက်ပြီး သတင်းထောက်များ၏ မေးမြန်းချက်များကို ဖြေကြား ခဲ့ကြောင်း သတင်းရရှိပါသည်။

သတင်းစာရှင်းလင်းပွဲတွင် ကော်မရှင် ဥက္ကဋ္ဌ ဟိုလိဖုန်းက၊ ၂၀၁၈ ခုနှစ်တွင် တရုတ်ပြည် တစ်ပြည်လုံး အဓိက စီးပွါးရေး လည်ပတ်မှု ဆိုင်ရာ ကိန်းဂဏန်းများသည် တရားနည်းလမ်းကျသည့် ဘောင်တွင်း၌ တည်ရှိပြီး ဂျီဒီပီ စုစုပေါင်း ပမာဏမှာ ယွမ် ဘီလီယံ ၉ သောင်းကျော် ရှိကြောင်း၊ ဂျီဒီပီ တိုးတက်နှုန်းမှာ ၆့ ၆ ရာခိုင်နှုန်း ရှိပြီး ကမ္ဘာ့ ရှေ့ပြေး စီးပွါးရေးအုပ်စု ငါးခုထဲတွင် အများဆုံးပင် ဖြစ်ကြောင်း ပြောကြားပါသည်။

ကျင်းပနေဆဲ ၁၃ ကြိမ်မြောက် တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် ဒုတိယ အကြိမ် အစည်းအဝေးတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံရေး ဥပဒေမူကြမ်းကို စိစစ် ဆွေးနွေးမည် ဖြစ်ကြောင်း သတင်းရရှိပါသည်။ (ကျော့)

   Webradio