• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

အတိုင်းအတာကြီးကျယ်စွာ အခွန်လျှော့ချခြင်းဟာ တရုတ်ပြည် လုပ်ငန်းအုပ်စုများအား အား ထည့်သွင်းပေးနေ

(GMT+08:00) 2019-03-06 17:31:50

ဒီလ ၅ ရက်နေ့က တရုတ်အစိုးရဟာ ဘီလီယံ ၂၀၀၀ တန်ဖိုးရှိ အခွန် လျှော့ချရေး စီမံကိန်းကို ထုတ်ပြန်ပြီး၊ ဒါနဲ့ ဒီနှစ်မှာ ပိုမို ရှုပ်ထွေး တင်းမာတဲ့ ဖွံ့ဖြိုးရေး ပတ်ဝန်းကို ရင်ဆိုင်သွားမှာ ဖြစ်ပါတယ်။   

တရုတ် ဝန်ကြီးချုပ် လီခေ့ချန်က တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် နှစ်ပတ်လည် အစည်းအဝေးမှာ စိစစ်ဖို့ တင်သွင်းထားတဲ့ အစိုးရ လုပ်ငန်း အစီရင်ခံစာ အရ၊ ဒီနှစ်မှာ တရုတ်နိုင်ငံဟာ တန်ဖိုးတိုးအခွန် ကောက်ယူရေး ပြုပြင်ပြောင်းလဲမှုကို ဇောက်ချ ပြုလုပ်မှာ ဖြစ်ပါတယ်။ ကုန်ထုတ်လုပ်မှု လုပ်ငန်းရဲ့ အခွန်ကောက်နှုန်းကို လက်ရှိ ၁၆ ရာခိုင်နှုန်းကနေပြီး ၁၃ ရာခိုင်နှုန်းအထိ လျှော့ချမယ်၊ လမ်းပန်းဆက်သွယ်ရေး၊ ပို့ဆောင်ရေး၊ ဆောက်လုပ်ရေး စတဲ့ လုပ်ငန်းနယ်ပယ်များက အခွန်ကောက်နှုန်းကို လက်ရှိ ၁၀ ရာခိုင်နှုန်းကနေပြီး ၉ ရာခိုင်နှုန်းအထိ လျှော့ချမယ်။ လုပ်ငန်းနယ်ပယ် အားလုံးရဲ့ အခွန် ကောက်နှုန်းဟာ တိုးများမှာ မဟုတ်ဘဲ လျော့နည်းမှာသာ ဖြစ်တယ်လို့ သိရပါတယ်။

ဒီနှစ် နှစ်ဦးပိုင်းကစပြီး တရုတ်နိုင်ငံဟာ အသေးစား လုပ်ငန်းကုမ္ပဏီများကို ရည်ရွယ်ပြီး သုံးနှစ်တာ အခွန် လျှော့ချရေး မူဝါဒကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုခဲ့ပါတယ်။ အသေးစား လုပ်ငန်းများ၊ ပုဂ္ဂလိက လုပ်ငန်းများနဲ့ တစ်ဦးချင်း အခွန် ပေးဆောင်သူများအပေါ် အခွန် စတင် ကောက်ယူခြင်း ပမာဏကို တစ်လအတွင်း ကုန်စည် ရောင်းချမှု ပမာဏ ယွမ် ၃ သောင်းကနေပြီး ယွမ် ၁ သိန်း အထိ တိုးမြှင့် သတ်မှတ် ထားပါတယ်။ ဆိုလိုတာက တစ်လအတွင်း ရောင်းချမှု ပမာဏ ယွမ် ၁ သိန်းအောက် ဖြစ်ပါက တန်ဖိုးတိုး အခွန် ပေးဆောင်ဖို့ မလိုတော့ဘူး။ တစ်ချိန်တည်းမှာ အခွန် လျှော့ချရေး ဆောင်ရွက်မှု ပြုလုပ်ရာမှာ အသေးစား လုပ်ငန်းကို သတ်မှတ်တဲ့ စံချိန်ကိုလည်း ပိုမို ချောင်လည်အောင် ထားလိုက်ပါတယ်။ အဲဒါကတော့ လုပ်ငန်းကုမ္ပဏီရဲ့ စုစုပေါင်း ပိုင်ဆိုင်မှုပမာဏ ယွမ် သန်း ၅၀၀ အောက် ရှိခြင်း၊ လုပ်သား ဦးရေ ၃၀၀ အောက် ရှိခြင်းနဲ့ အခွန် ပေးဆောင်ဖို့ လိုအပ်တဲ့ ဝင်ငွေဟာ ယွမ် ၃ သန်း အောက်မှာ ရှိခြင်းတို့ ဖြစ်ပါတယ်။ အဲဒီ စံချိန် သတ်မှတ်ထားပြီးနောက်၊ တရုတ်ပြည်မှာ ပိုမိုများပြားတဲ့ လုပ်ငန်းကုမ္ပဏီဟာ အသေးစား လုပ်ငန်းကုမ္ပဏီ အဖြစ် သတ်မှတ်ခြင်း ခံရမှာ ဖြစ်ပါတယ်။ တရုတ်ပြည်မှာ အခွန် ပေးဆောင်တဲ့ လုပ်ငန်းကုမ္ပဏီ ၉၅ ရာခိုင်နှုန်းကို အသေးစား လုပ်ငန်းကုမ္ပဏီ အဖြစ် သတ်မှတ်ရမှာ ဖြစ်ပြီး ဒါတွေထဲမှာ ၉၈ ရာခိုင်နှုန်းဟာ အရပ်ဘက် ကုမ္ပဏီများ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ နှစ် ၄၀ အတွင်း တရုတ်နိုင်ငံမှာ လူသားများ စီးပွါးရေး သမိုင်းမှာ ရှားပါးတဲ့ ဆက်တိုက် လျင်မြန်စွာ တိုးတက်ခြင်းကို ဖေါ်ဆောင်နိုင်ခဲ့ပြီး ဆင်းရဲသူ သန်း ၈၀၀ လောက်ဟာ ဆင်းရဲတဲ့ဘဝမှ ရုန်းထွက်နိုင်ခဲ့ပါတယ်။ လက်ရှိ အချိန်မှာ တရုတ်ပြည် စီးပွါးရေးဟာ အရည်အသွေး မြင့်မားစွာ တိုးတက်ရေး အဆင့်ကာလသို့ ဝင်ရောက် နေသလို စိန်ခေါ်မှုသစ်တွေကိုလည်း ရင်ဆိုင် နေရပါတယ်။ အတိုင်းအတာ ကြီးမားတဲ့ အခွန် လျှော့ချခြင်း ဆောင်ရွက်မှုဟာ တရုတ်ပြည် ဈေးကွက် ရှင်သန်မှုနဲ့ ပြည်သူပြည်သားများရဲ့ သုခချမ်းသာမှုများကို တွန်းအားပေးမှာ ဖြစ်ပြီး တရုတ်ပြည်ရဲ့ ၆ ရာခိုင်နှုန်းမှ ၆့ ၅ ရာခိုင်နှုန်းအထိ ဖြစ်တဲ့ စီးပွါးရေး တိုးတက်နှုန်း ရည်မှန်းချက် ဖေါ်ဆောင်ရေးကိုလည်း အာမခံပေးနိုင်မှာ ဖြစ်ပါတယ်။

   Webradio