• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်နိုင်ငံသည် နိုင်ငံခြားအမှိုက်မှောင်ခိုရောင်းဝယ်မှု တိုက်ခိုက်ရေးကို သီးသန့်ဆောင်ရွက်မည်

(GMT+08:00) 2019-03-06 13:05:43

တရုတ်အကောက်ခွန်ဌာနချုပ်မှ ဥက္ကဋ္ဌလိယွဲ့ဖုန်းက တရုတ်နိုင်ငံသည် နိုင်ငံခြားမှ အမှိုက် မှောင်ခိုရောင်းဝယ်မှုကို ပြတ်သားစွာ တိုက်ခိုက်မြဲတိုက်ခိုက်နေကြောင်း၊ ပြီးခဲ့သည့်နှစ်က နိုင်ငံခြားအမှိုက် မှောင်ခိုမှုတိုက်ခိုက်သည့်အပြီး ယခုနှစ်တွင်လည်း တိုက်ခိုက်မှုကို ဆက်လက် သီးသန့်ဆောင်ရွက်နေဆဲဖြစ်ကြောင်း ယခုလ ၅ ရက်နေ့က ပြောကြားခဲ့သည်ဟု စီအာအိုင်သတင်း အရသိရသည်။

လိယွဲ့ဖုန်းသည် ၁၃ ကြိမ်မြောက် တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် ဒုတိယအကြိမ်အစည်းအဝေး ဖွင့်ပွဲအပြီး ဝန်ကြီးများလမ်းကြောင်း ၌ သတင်းထောက်များ ၏ မေးမြန်းချက်ကို ဖြေကြားရာတွင် ထိုသို့ ပြောကြားသွားခြင်းဖြစ်သည်။

   Webradio