• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်ပြည်၏ ဆင်းရဲမွဲတေမှု ပပျောက်ရေးလုပ်ငန်းတွင် အောင်ကျိုးရလဒ်များစွာ ရရှိဟု လာအိုပညာရှင်ဆို

(GMT+08:00) 2019-03-06 10:51:57

        ယခုလ ၅ ရက်နေ့က တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် နှစ်ပတ်လည်အစည်းအဝေးကို ပီကင်းမြို့၌ စတင်ကျင်းပခဲ့ရာ လာအို အစိုးရတက္ကသိုလ် တရုတ်ရေးရာ သုတေသနစင်တာ အတိုင်ပင်ခံ ဆီဗီလေ-ဘိုဖုမ်ဗီဟန်က တရုတ်မီဒီယာအုပ်စု App မှတစ်ဆင့် ယခုအကြိမ် ဖွင့်ပွဲအခမ်းအနား၏ လာအိုဘာသာ တိုက်ရိုက်ထုတ်လွှင့်မှုကို နားဆင်ပြီးနောက် ဝန်ကြီးချုပ် လီခေ့ချန်ကြေညာခဲ့သော အစိုးရလုပ်ငန်းအစီရင်ခံစာတွင် တရုတ်ပြည်၏ ဆင်းရဲမွဲတေမှု ပပျောက်ရေးလုပ်ငန်းတွင် ရရှိခဲ့သောအောင်ကျိုးရလဒ်များကို မိမိ အာရုံအစိုက်ဆုံးဖြစ်ကြောင်း ပြောကြားသည်။

        ဆီဗီလေ-ဘိုဖုမ်ဗီဟန်က ဆင်းရဲမွဲတေမှု ပပျောက်ရေးလုပ်ငန်းသည် လာအိုအစိုးရ အဓိကထား ဆောင်ရွက်သည့် လုပ်ငန်း တစ်ရပ်ဖြစ်သော်လည်း အခက်အခဲ များစွာ ကြုံတွေ့ခဲ့ရကြောင်း၊ တရုတ်အစိုးရ၏ ဆင်းရဲမွဲတေမှု ပပျောက်ရေးလုပ်ငန်းဆိုင်ရာ အတွေ့အကြုံများကို လာအိုအစိုးရကိုးကားအတုယူနိုင်ကြောင်း ပြောကြားသည်။

   Webradio