• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ် အစိုးရက အရည်အသွေး မြင့်မားစွာ ဖွံ့ဖြိုးတိုးတက်ရေးကို အစွမ်းကုန် တွန်းအား ပေးမယ်လို့ ကတိပြု

(GMT+08:00) 2019-03-05 16:23:58

ဒီလ ၅ ရက်နေ့က တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် အစည်းအဝေးမှာ စိစစ်ဖို့ တင်သွင်းထားတဲ့ အစိုးရလုပ်ငန်း အစီရင်ခံစာထဲမှာ၊ ဒီနှစ် တရုတ်ပြည် စီးပွါးရေးနဲ့ လူမှုရေး ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အဓိကရည်မှန်းချက်တွေဟာ၊ ဂျီဒီပီ စုစုပေါင်း ပမာဏ ၆ ရာခိုင်နှုန်းကနေ ၆့ ၅ ရာခိုင်နှုန်းအထိ တိုးတက်ဖို့၊ မြို့ပြ အလုပ်အကိုင်နေရာသစ် ၁၁ သန်းကျော် တိုးများဖို့၊ ပြည်သူလူထုရဲ့ စားသုံးမှု ကုန်ဈေးနှုန်း တက်နှုန်းကို ၃ ရာခိုင်နှုန်း ဝန်းကျင်မှာရှိအောင် ထိန်းသိမ်းဖို့၊ ကျေးလက်ဒေသမှာ ဆင်းရဲသူ ဦးရေ ၁၀ သန်းကျော် လျော့နည်းစေဖို့၊ တစ်ယူနစ် ဂျီဒီပီရဲ့ စွမ်းအင် အသုံးပြုမှုနှုန်းကို ၃ ရာခိုင်နှုန်းကို လျှော့ချဖို့ စတာတွေ ရှိပါတယ်။

ကမ္ဘာ့ ဒုတိယ အကြီးဆုံး စီးပွါးရေးအုပ်စု အဖြစ်နဲ့ ၂၀၁၈ ခုနှစ်မှာ တရုတ်ပြည် စီးပွါးရေး စုစုပေါင်း ပမာဏဟာ ယွမ် ဘီလီယံ ၉ သောင်းကျော် ရှိပြီ ဖြစ်ပြီး၊ အခု ဆိုရင် စီးပွါးရေး လျင်မြန်စွာ တိုးတက်ခြင်းကနေပြီး အရည်အသွေး မြင့်မားစွာ တိုးတက်ခြင်းသို့ ပြောင်းလဲနေတဲ့ အရေးကြီး အချိန်ကာလမှာ တည်ရှိနေပါတယ်။

အရည်အသွေး မြင့်မားစွာ တိုးတက်လိုပါက၊ စီးပွါးရေး ကိန်းအောင်းထားတဲ့ ရှင်သန်စွမ်းအားနဲ့ ယှဉ်ပြိုင်စွမ်းအားတွေကို အစွမ်းကုန် ဖေါ်ထုတ်ဖို့ လိုအပ်ပါတယ်။ တရုတ်ပြည် သတ်မှတ်တဲ့ ဒီနှစ် စီးပွါးရေး တိုးတက်မှုနှုန်း ရည်မှန်းချက်ဟာ ပြီးခဲ့တဲ့နှစ်ကထက် နိမ့်ပါတယ်။ အကြောင်းကတော့ စီးပွါးရေး ဂလိုဘယ်လိုက်ဇေးရှင်း ဖြစ်စဉ်မှာ ဖီလာဆန့်ကျင်သော ရေစီးကြောင်းနဲ့ ကုန်သွယ်ရေး အငြင်းပွါးမှု အန္တရာယ်များနဲ့ ကြုံတွေသဖြင့် တစ်ကမ္ဘာလုံး စီးပွါးရေး တိုးတက်မှုဟာ လွန်စွာ နှေးကွေးနေပါတယ်။ နိုင်ငံတကာ အဖွဲ့အစည်း များစွာတို့ကလည်း ဒီနှစ် နိုင်ငံတကာ စီးပွါးရေး တိုးတက်မှုဆိုင်ရာ ခန့်မှန်းချက်တွေကို လျှော့ချ သတ်မှတ်ထားကြတယ်။ အဲဒီလို ပြင်ပ ပတ်ဝန်းကျင်ကို ရင်ဆိုင်လျက်၊ တရုတ်နိုင်ငံက တိုးတက်ရေး ရည်မှန်းချက်ကို သင့်လျော်စွာ နည်းအောင် သတ်မှတ်ခြင်းဟာ တရုတ်ပြည် စီးပွါးရေး မြန်မြန် မှန်မှန် တိုးတက်မှု ထိန်းသိမ်းဖို့နဲ့ အခက်အခဲ စိန်ခေါ်မှုများ ရင်ဆိုင်ဖြေရှင်းဖို့အတွက် အထောက်အကူ ပြုနိုင်မှာ ဖြစ်ပါတယ်။

အထက်ပါ ရည်မှန်းချက်များကို ဖေါ်ဆောင်ဖို့အတွက် ဒီနှစ်မှာ တရုတ်အစိုးရက အဓိက လုပ်ငန်း ၁၀ ရပ်ကို စီမံထားပါတယ်။ အဲဒါတွေထဲမှာ၊ စီးပွါးရေး မက္ကရို ထိန်းချုပ်ခြင်း၊ စီးပွါးကုန်သွယ်မှု ပတ်ဝန်းကျင် ပိုမို ကောင်းမွန်လာအောင် ဆောင်ရွက်ခြင်း၊ ဖွံ့ဖြိုး တိုးတက်မှုတွင် ဆန်းသစ်တီထွင်ရေးနဲ့ ရှေ့ဆောင်လမ်းပြခြင်း၊ အားကောင်းတဲ့ ပြည်တွင်း ဈေးကွက် ဖြစ်တည်လာအောင် ဆောင်ရွက်ခြင်း၊ ဆင်းရဲမှု ပပျောက်ရေးလုပ်ငန်းကို ခိုင်ခံ့စွာ တွန်းအားပေးခြင်း၊ ကျေးလက် ဒေသ ရှင်သန်ရေးကို တွန်းအားပေးခြင်း၊ ဒေသအချင်းချင်း ညီမျှစွာ ဖွံ့ဖြိုးတိုးတက်ခြင်း၊ ပတ်ဝန်းကျင် ညစ်ညမ်းမှု ပြုပြင်ခြင်း၊ ဂေဟစနစ် အားဖြည့် တည်ထောင်ခြင်း၊ အဓိက လုပ်ငန်းနယ်ပယ်များမှာ ပြုပြင်ပြောင်းလဲမှုကို ဇောက်ချ ပြုလုပ်ခြင်း၊ ကဏ္ဍစုံ တံခါးဖွင့်ရေးကို အားဖြည့် ဆောင်ရွက်ခြင်း၊ လူမှုရေးလုပ်ငန်း အဆက်မပြတ် ပြည့်စုံ တိုးတက် ကောင်းမွန်လာအောင် ဆောင်ရွက်ပေးခြင်း စတာတွေ ပါဝင်ထားပါတယ်။

   Webradio