• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

၁၃ကြိမ်မြောက် တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် ဒုတိယအကြိမ်အစည်းအဝေးနှင့် ၁၃ကြိမ်မြောက် ပြည်သူ့ နိုင်ငံရေး အတိုင်ပင်ခံ ကွန်ဖရင့် ပြည်လုံးဆိုင်ရာကော်မတီ ဒုတိယအကြိမ်အစည်းအဝေးများသို့ မြန်မာသတင်းမီဒီယာအဖွဲ့များ တက်ရောက်သတင်းရယူ

(GMT+08:00) 2019-03-05 15:19:09

      (၁၃)ကြိမ်မြောက် တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် ဒုတိယအကြိမ်အစည်းအဝေးနှင့် ပြည်သူ့နိုင်ငံရေး အတိုင်ပင်ခံ ကွန်ဖရင့် ပြည်လုံးဆိုင်ရာကော်မတီ ဒုတိယအကြိမ်အစည်းအဝေးများကို တရုတ်နိုင်ငံတွင် မတ်လ (၃)ရက်နေ့ညနေကစပြီး ပေကျင်းမြို့ရှိ ပြည်သူ့ ခန့်မဆောင်ကြီးမှာ ကျင်းပခဲ့ပြီး မတ်လ (၅)ရက်နေ့ နံနက်ပိုင်းတွင် တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် နှစ်ပတ်လည်အစည်းအဝေးဖွင့်ပွဲကို ရှီကျင့်ဖိန်အပါအဝင် တရုတ်ကွန်မြူနစ်ပါတီနှင့် နိုင်ငံတော် ခေါင်းဆောင်များသည် အစည်းအဝေးသို့ တက်ရောက်ခဲ့ကြသည်။ ယခုအကြိမ်အစည်းအဝေးသို့ မြန်မာသတင်းမီဒီယာအဖွဲ့များဖြစ်သည့် မြန်မာ့အလင်းသတင်းစာတိုက်၊ မြန်မာဒီဂျစ်တယ်သတင်းဌာန၊ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၊ မြ၀တီရုပ်မြင်သံကြား၊ ဒီဝေ့ဗ်ဂျာနယ်၊ ပြည်ထောင်စုနေ့စဉ်၊ ဒီမိုကရေစီတူဒေး၊ MITV၊ MI Radio တို့မှ သတင်းမီဒီယာသမား ၁၂ ဦးတို့ တက်ရောက်သတင်းရယူခဲ့ကြသည်။

      ယခုအကြိမ်အစည်းအဝေးတွင် သတင်းရယူရမှု၊ သတင်းပေးပို့ရမှုများအပေါ် အဆင်ပြေ ချောမွေ့ကြောင်း 5G လှိုင်းနှုန်းလွှင့်ထားပြီး ၀န်ဆောင်မှုပေးသည့်အပေါ် မိခင်ဌာနသို့ သတင်းပြန်လည် ပေးပို့ရမှု အဆင်ပြေလွယ်ကူသည့်အတွက် ကျေနပ်အားရပါကြောင်း၊ အဆင်ပြေချောမွေ့ပါကြောင်း မြ၀တီမီဒီယာတိုက်မှ ဗိုလ်မှူးဇော်လင်းသိန်းက CRI ရဲ့မေးမြန်းမှုကို ဖြေကြားသည်။

      မြန်မာသတင်းမီဒီယာအဖွဲ့များသည် မတ်လ (၂)ရက်နေ့မှစတင်ပြီး မတ်လ (၈) ရက်နေ့အထိ ပေကျင်း၊ ထျန်ကျင်း၊ ဖူကျိုနှင့် ဖုချင်းမြို့တို့သို့ သွားရောက် လေ့လာသတင်းရယူမည်ဖြစ်ကြောင်းသိရသည်။

   Webradio