• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရတ်ပြည်သည် ထွန်းသစ်စလုပ်ငန်းများအရှိန်အဟုန်နှင့် ဖွံ့ဖြိုးတိုးတက်ရန် တွန်းအား ပေးပြီး နိုင်ငံတကာဆန်းသစ်တီထွင်ရေးပူးပေါင်းဆောင်ရွက်မှုကို တိုးချဲ့ဆောင်ရွက်မည်

(GMT+08:00) 2019-03-05 10:56:18

   

    ဝန်ကြီးချုပ်လီခေ့ချန်က ယခုနှစ်တွင် တရုတ်ပြည်သည် သမားရိုးကျလုပ်ငန်းများကို ပြုပြင်ပြောင်းလဲပြီး အဆင့်မြှင့်တင်ရန် တွန်းအားပေးကာ ထွန်းသစ်စလုပ်ငန်းများသည် အရှိန်အဟုန်နှင့်ဖွံ့ဖြိုးတိုးတက်ရန် အားသစ်လောင်းပေးမည်ဖြစ်ကြောင်း၊ ကုမ္ပဏီလုပ်ငန်း များ၏ နည်းပညာ ပြုပြင်ပြောင်းလဲရေးနှင့် စက်ကိရိယာများ အဆင့်မြှင့်တင်ရေးတို့ကို ထောက်ခံအားပေးမည်ဖြစ်ကြောင်း၊ စံချိန်စံနှုန်းများသည် နိုင်ငံတကာခေတ်မှီ အဆင့်အတန်းနှင့်ကိုက်ညီအောင် တွန်းအားပေး မည်ဖြစ်ကြောင်း၊ သတင်းအချက်အလက် နည်းပညာသစ်များ၊အဆင့်မြင့် စက်ကိရိယာများ၊ ဇီဝဆေးဝါးကုသမှု၊ စွမ်းအင်သစ်သုံးစွဲ သော မော်တော်ကားများနှင့် အရာဝတ္တုသစ်များစသော ထွန်းသစ်စလုပ်ငန်းများကို ပျိုးထောင်မည်ဖြစ်ကြောင်း ဒီဂျီတယ်စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန် ဆောင်ရွက်မည် ဖြစ်ကြောင်း၊ ထို့အပြင် နိုင်ငံတကာဆန်းသစ်တီထွင်ရေးပူးပေါင်းဆောင်ရွက်မှုကို အားသစ်လောင်းပေးပြီး တရုတ်ပြည်ပြန်ပညာတော်သင်နှင့် နိုင်ငံခြားလူရည်ချွန်များ အတွက် ဝန်ဆောင်မှုများကို ပိုမိုကောင်းမွန်စေမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

   Webradio