• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

၁၃ကြိမ်မြောက် တရုတ်ပြည်လုံးဆိုင်ရာပြည်သူ့ကွန်ဂရက် ဒုတိယအကြိမ် အစည်းအဝေး ကျင်းပ

(GMT+08:00) 2019-03-05 09:31:54

      ၁၃ကြိမ်မြောက် တရုတ်ပြည်လုံးဆိုင်ရာပြည်သူ့ကွန်ဂရက် ဒုတိယအကြိမ် အစည်း အဝေးကို ယနေ့ ၅ ရက်နေ့က ပီကင်းတွင် ကျင်းပမည်ဖြစ်သည်။ အစည်းအဝေးမှ ပြောရေး ဆိုခွင့်ရှိသူ ကျန်းယက်ဆွေသည်၊ ၄ ရက်နေ့က ကျင်းပသည့် သတင်းစာရှင်းလင်းပွဲ၌ သက်ဆိုင်ရာ အစည်းအဝေးအစီအစဉ်များနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့သည့်အပြင်၊ ပြည်တွင်းပြည်ပ သတင်းထောက်များ၏ မေးမြန်းချက်များကို ပြန်လည်ဖြေကြားခဲ့သည်။

ကျန်းယက်ဆွေက ယခုအကြိမ်အစည်းအဝေးကို မတ်လ ၅ ရက်နေ့ နံနက်ပိုင်းတွင် ဖွင့်လှစ်သွားမည်ဖြစ်ပြီး၊ မတ်လ ၁၅ ရက်နေ့ နံနက်ပိုင်းတွင် ကျင်းပပြီးစီးသွား မည်ဖြစ်ကြောင်း၊ ယခုလောလောဆယ်တွင် ပြင်ဆင်ရေးလုပ်ငန်းအားလုံးသည်၊ အသင့်ရှိ နေပြီဖြစ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။

   Webradio