• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

အနှစ်သာရကျတဲ့ လက်ရာများနဲ့ ပြည်သူပြည်သားများအား ဝန်ဆောင်မှု ပေးဖို့ စွဲကိုင်ရမယ်လို့ ရှီကျင့်ဖိန် ဆို

(GMT+08:00) 2019-03-05 08:53:16

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေ အတွင်းရေးမှူး၊ နိုင်ငံတော် ဥက္ကဋ္ဌ၊ ဗဟိုစစ်ရေးကော်မရှင် ဥက္ကဋ္ဌ ရှီကျင့်ဖိန်က ဒီလ ၄ ရက်နေ့ ညနေပိုင်းမှာ ၁၃ ကြိမ်မြောက် တရုတ် ပြည်သူ့ နိုင်ငံရေး အတိုင်ပင်ခံကွန်ဖရင့် ပြည်လုံးဆိုင်ရာကော်မတီ ဒုတိယ အကြိမ် အစည်းအဝေး တက်ရောက်နေကြတဲ့ အနုပညာ၊ လူမှု သိပံ္ပပညာ ဆိုင်ရာ ကော်မတီဝင်များနဲ့ တွေ့ဆုံပြီး ကော်မတီဝင်များရဲ့ အဆိုပြုချက်များကို ကြားနာခဲ့ပါတယ်။

ရှီကျင့်ဖိန်က၊ အနှစ်သာရကျတဲ့ လက်ရာများနဲ့ ပြည်သူပြည်သားများအား ဝန်ဆောင်မှု ပေးဖို့ စွဲကိုင်ရမှာ ဖြစ်ကြောင်း၊ တရုတ်ပြည် လက်တွေ့အခြေအနေနဲ့အညီ၊ ယနေ့ခေတ် တရုတ်ပြည် ဖွံ့ဖြိုးတိုးတက်ရေးနဲ့ တရုတ်လူမျိုးများရဲ့ ရသမြောက်တဲ့ နေထိုင်မှုဘဝကို ကောင်းမွန်စွာ ဖေါ်ပြပေးဖို့၊ တရုတ် စိတ်ဓါတ်၊ တရုတ် တန်ဖိုး၊ တရုတ်အင်အားများကို ကောင်းမွန်စွာ ရှင်းလင်းဖေါ်ပြဖို့ မျှော်လင့်ကြောင်း ပြောကြားပါတယ်။

ရှီကျင့်ဖိန်က၊ ဒီနှစ်ဟာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ တည်ထောင်တဲ့ နှစ် ၇၀ ပြည့်မြောက်တဲ့နှစ် ဖြစ်ပြီး ပြီးခဲ့တဲ့ နှစ် ၇၀ အတွင်း တရုတ်နိုင်ငံမှာ ကြီးမားတဲ့ တိုးတက် ပြောင်းလဲမှုများ ဖြစ်ပွါးခဲ့ကြောင်း၊ တရုတ် အမျိုးသား သမိုင်းမှာရော၊ နိုင်ငံတကာ သမိုင်းမှာပါ အဲဒါဟာ စိတ်လှုပ်ရှားဖွယ်ရာကောင်းတဲ့ ထူးချွန်တဲ့ ကြိုးပမ်းဆောင်ရေးရေး သမိုင်းဖြစ်စဉ် ဖြစ်ကြောင်း၊ ပြီးခဲ့တဲ့ နှစ် ၇၀ အတွင်း ပါတီနဲ့ ပြည်သူများရဲ့ လက်တွေ့ကျကျ ကြိုးပမ်းဆောင်ရွက်မှုအကြောင်းနဲ့ တရုတ်ပြည် သမိုင်းဝင် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းနဲ့ တရုတ် ထူးခြားချက် ဝိသေသ ပါရှိတဲ့ ဆိုရှယ်လစ် လမ်းကြောင်း၊ အယူဝါဒ၊ စနစ်နဲ့ ယဉ်ကျေးမှုဆိုင်ရာ အားသာချက် အကြောင်းတွေကို ရှင်းလင်း ဖေါ်ပြပေးရမှာ ဖြစ်ကြောင်း မှာကြားခဲ့ပါတယ်။

ပြည်သူ့နိုင်ငံရေး အတိုင်ပင်ခံကွန်ဖရင့် ပြည်လုံးဆိုင်ရာ ကော်မတီဝင်၊ တရုတ် နာမည်ကြီး ရုပ်ရှင်မင်းသား ဂျက်ခီချမ်က သတင်းထောက်နဲ့ တွေ့ဆုံရာမှာ တရုတ်ပြည်ရဲ့ ပထမဦးဆုံး သိပံ္ပပညာ စူးစမ်းရေး စိတ်ကူးယဉ် ရုပ်ရှင်ကား "လေလွင့်ကမ္ဘာလုံး" အကြောင်းကို ပြောမိတယ်။ ဂျက်ခီချန်က၊ တရုတ်လူမျိုးလည်း အဲဒီလို ရုပ်ရှင်ကားကို ရိုက်ကူးနိုင်တာကိုးလို့ နိုင်ငံခြားသား တော်တော်များများက ကျွန်တော်နဲ့ ပြောတယ်။ "လေလွင့်ကမ္ဘာလုံး" ရုပ်ရှင်ကားကြည်သူ ဒီလောက်များများ ရှိတာကို တွေ့မြင်တော် ကျွန်တော် အရမ်း ဝမ်းသာပါတယ်။ ကျွန်တော်တို့ကလည်း အဆင့်မြင့် သိပ္ပံနည်းပညာ ဆိုင်ရာ ရုပ်ရှင်ကားကို ရိုက်ကူး ပြုစုနိုင်စွမ်း ရှိပါတယ်ကွာလို့ ပြောဆိုပါတယ်။

   Webradio