• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

၁၃ကြိမ်မြောက် တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် ဒုတိယအကြိမ်အစည်းအဝေး ပြင်ဆင်ရေးအစည်းအဝေးကျင်းပ

(GMT+08:00) 2019-03-04 13:21:53
    ၁၃ကြိမ်မြောက် တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် ဒုတိယအကြိမ်အစည်း အဝေးပြင်ဆင်ရေးအစည်းအဝေးကို ယခုလ ၄ ရက်နေ့နံနက်ပိုင်းက ပြည်သူ့ခန်းမဆောင် ကြီးတွင် ကျင်းပခဲ့ကြောင်း၊ တရုတ်ပြည်လုံးဆိုင်ရာပြည်သူ့ကွန်ဂရက်အမြဲတမ်းကော်မတီ ဥက္ကဋ္ဌလိကျန့်ရှူးသည် အစည်းအဝေးကိုဦးစီးကျင်းပခဲ့ကြောင်း၊ အစည်းအဝေးတွင် ၁၃ကြိမ်မြောက် တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် ဒုတိယအကြိမ်အစည်းအဝေး၏ သဘာပတိအဖွဲ့နှင့်အတွင်းရေးမှူးချုပ်ကိုရွေးချယ်ခဲ့ပြီး ၁၃ကြိမ်မြောက်တရုတ်ပြည်လုံး ဆိုင်ရာပြည်သူ့ကွန်ဂရက်ဒုတိယအကြိမ်အစည်းအဝေးအစီအစဉ်များကို မဲခွဲဆုံးဖြတ်ခဲ့ ကြောင်း ဆင်ဟွာသတင်းအရ သိရပါသည်။
    လိကျန့်ရှူးက အစည်းအဝေးကျင်းပခဲ့ရာ ၁၃ကြိမ်မြောက် တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် ဒုတိယအကြိမ်အစည်းအဝေးကို မတ်လ ၅ ရက်နေ့တွင် ကျင်းပမည်ဖြစ်ပြီး ပြင်ဆင်ရေးလုပ်ငန်းအရပ်ရပ်များ အဆင်သင့်ဖြစ်နေပြီဖြစ်ကြောင်း ကြေညာခဲ့သည်။
   Webradio