• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

နိုင်ငံခြားအား ထောက်ပံ့ကူညီရေးလုပ်ငန်းကို ဆက်လက် တာဝန် ကျေပွန်စွာ ထမ်းဆောင်ပြီး အကျိုးစွမ်းဆောင်မှုပြုရမည်ဟု တရုတ်နိုင်ငံတော် နိုင်ငံတကာ ဖွံ့ဖြိုးမှုပူးပေါင်းဆောင်ရွက်ရေးဌာန ဥက္ကဋ္ဌ ဆို

(GMT+08:00) 2019-03-04 11:04:17

မတ်လ ၃ရက်နေ့ညနေပိုင်းက ၁၃ကြိမ်မြောက် တရုတ် ပြည်သူ့ နိုင်ငံရေး အတိုင်ပင်ခံ ကွန်ဖရင့် ပြည်လုံးဆိုင်ရာကော်မတီ ဒုတိယအကြိမ် အစည်းအဝေး ဖွင့်ပွဲအခမ်းအနား ကို ကျင်းပပြီးနောက် တရုတ်နိုင်ငံတော် နိုင်ငံတကာ ဖွံ့ဖြိုးမှုပူးပေါင်းဆောင်ရွက်ရေးဌာန ဥက္ကဋ္ဌ ဝမ်ရှောင်ထောက ခေတ်သစ်တွင် နိုင်ငံခြားအား ထောက်ပံ့ကူညီရေးလုပ်ငန်းကို လုပ်ဆောင်ရာ၌ ဆက်လက် တာဝန်ကျေပွန်စွာ ထမ်းဆောင်ပြီး အကျိုးစွမ်းဆောင်မှု ပြုရမည်ဟု ပြောကြားခဲ့ကြောင်း ဆင်ဟွာသတင်းအရ သိရပါသည်။

တရုတ်နိုင်ငံတော် နိုင်ငံတကာ ဖွံ့ဖြိုးမှုပူးပေါင်းဆောင်ရွက်ရေးဌာနသည် တရုတ် ဝိသေသထူးခြားချက် ပါရှိသော နိုင်ငံကြီးသံတမန်ရေး နှင့် Belt and Road တည်ထောင်ရေးကို ကောင်းမွန်သော ဝန်ဆောင်မှုပေးရမည်ဖြစ်ကြောင်း၊ ကုလသမဂ္ဂ ၂၀၃၀ပြည့်နှစ် ဆက်တိုက်ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်ကို ဖော်ဆောင်ရန်၊ လူသား ကံကြမ္မာ အသိုက်အဝန်းကို ထူထောင်ရန် ကမ္ဘာ နိုင်ငံများ၊ နိုင်ငံတကာအဖွဲ့အစည်းများ နှင့်အတူ ကြိုးပမ်းအားထုတ်ပြီး အကျိုးစွမ်းဆောင်မှုပြုရမည်ဖြစ်ကြောင်း ၎င်းက ပြောပါသည်။

   Webradio