• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ် ဂေဟစနစ်ပတ်ဝန်းကျင် အရည်အသွေး ထင်းရှားစွာ ကောင်းမွန်လာ

(GMT+08:00) 2019-03-04 10:49:36

        တရုတ် ဂေဟစနစ်ပတ်ဝန်းကျင် ဝန်ကြီးဌာန ဝန်ကြီး လီကန်ကျယ်က တရုတ်ပြည်၏ ပတ်ဝန်းကျင်ညစ်ညမ်းမှု ကြိုတင်ကာကွယ်ရေးနှင့် ပြုပြင်ရေး လုပ်ငန်းကို ကောင်းမွန်စွာ ဆောင်ရွက်နေကြောင်း၊ ဂေဟစနစ် ပတ်ဝန်းကျင် အရည်အသွေးသည် ဆက်တိုက် ထင်ရှားစွာ ကောင်းမွန်လာကြောင်း ယခုလ ၃ ရက်နေ့က ပီကင်းမြို့၌ ပြောကြားခဲ့သည်ဟု စီအာအိုင် သတင်းအရ သိရပါသည်။

        လီကန်ကျယ်က ၂၀၁၈ခုနှစ်အတွင်း တရုတ်ပြည်ရှိ မြို့ ၃၃၈မြို့၏ PM2.5 အပျစ်ဒီဂရီ သည် အလားတူအချိန်ပိုင်းကထက် ၉့၃ ရာခိုင်နှုန်း ကျဆင်းလာကြောင်း၊ ၄င်းအနက် ပီကင်းမြို့၏ PM2.5 အပျစ်ဒီဂရီ သည် အလားတူအချိန်ပိုင်းကထက် ၁၂ ရာခိုင်နှုန်း ကျဆင်းလာကြောင်း၊ သန့်စင်ပြီး သောက်သုံးရေအဖြစ် အသုံးပြုနိုင်သော မြေအပေါ်ယံရေ ပမာဏသည် အလားတူအချိန်ပိုင်းကထက် ၃ ရာခိုင်နှုန်း တိုးများလာကြောင်း၊ ခြုံပြီးပြောရလျှင် ဂေဟစနစ်ပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ရေး နယ်ပယ်မှ ရည်မှန်းချက်အစီအစဉ်များကို ပြည်စုံစွာ အကောင်အထည် ဖော်ဆောင်ခဲ့ပြီဖြစ်ကြောင်း ၁၃ကြိမ်မြောက် တရုတ်ပြည်သူ့နိုင်ငံရေး အတိုင်ပင်ခံကွန်ဖရင့် ပြည်လုံးဆိုင်ရာ ကော်မတီ ဒုတိယအကြိမ်အစည်းအဝေး ပထမအကြိမ် "ဝန်းကြီးလမ်းကြောင်း"၌ ပြောကြားခဲ့သည်ဟု သတင်းရရှိပါသည်။

   Webradio