• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်နိုင်ငံသည် ယခုနှစ် နှစ်ကုန်ပိုင်းတွင် ချန်အို အမှတ်-၅ လကမ္ဘာ စူးစမ်းရေးယာဉ် လွှတ်တင်မည်

(GMT+08:00) 2019-03-04 09:41:32

တရုတ်ပြည်သူ့နိုင်ငံရေး အတိုင်ပင်ခံကွန်ဖရင့် ပြည်လုံးဆိုင်ရာ ကော်မတီဝင်၊ တရုတ် လကမ္ဘာစူးစမ်းလေ့လာရေး လုပ်ငန်း ထိပ်တန်း ဒီဇိုင်းဆရာ ဝူဝေရင်က၊ မျက်မှောက် အချိန်တွင် တရုတ်ပြည်၏ လကမ္ဘာ စူးစမ်းလေ့လာရေးလုပ်ငန်းကို ချောမောစွာ ဆောင်ရွက် နေကြောင်း၊ ယခုနှစ် နှစ်ကုန်ပိုင်းတွင် ချန်အို အမှတ်-၅ လကမ္ဘာ စူးစမ်းရေးယာဉ်ကို လွှတ်တင်မည် ဖြစ်ပြီး လကမ္ဘာပေါ်တွင် နမူနာများ ကောက်ယူ၍ ကမ္ဘာသို့ ပြန်လည် ဆင်းသက် ရောက်ရှိမည် ဖြစ်ကြောင်း ယခုလ ၃ ရက်နေ့က ပီကင်း၌ ပြောကြားခဲ့ပါသည်။ (ကျော့)

   Webradio